မန်ယူအသင်းဂိုသမားဟောင်း ဒီဂီယာဟာ မန်ချက်စတာမြို့ဆီပြန်လာပြီး တနင်္လာနေ့က အသင်းဖော်တွေနဲ့ ကော်ဖီဆိုင်မှာ တွေ့ဆုံခဲ့ပါတယ်။
ဒီဂီယာကို အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်အပါအဝင် လင်ဒီလော့ဖ်၊ ဗာရန်း၊ တွန်ဟီတန်တို့က လာရောက်တွေ့ဆုံခဲ့ကြတာပါ။
၅ ဦးအတူတူ ကော်ဖီဆိုင်မှာတွေ့ဆုံခဲ့တာကို ဘရူနိုဖာနန်ဒက်စ်က ဓာတ်ပုံရိုက်ပြီး သူ့ရဲ့အင်စတာ ဂရမ်မှာတင်ခဲ့တာပါ။
“ကော်ဖီနဲ့ သူငယ်ချင်းတွေဆိုတာ အမြဲတမ်း ကောင်းမွန်တဲ့ ရွေးချယ်မှုပါပဲ” ဆိုတဲ့ စာသားနဲ့အတူ ဖာနန်ဒက်က အင်စတာဂရမ်မှာတင်ခဲ့တာပါ။
ဒီဂီယာဘက်ကလည်း အတူတူ ထပ်တွေ့ဆုံကြတယ်ဆိုပြီး ပြန်လည် ရေးသားခဲ့တာတွေ့ရပါတယ်။
စပိန်ဂိုးသမားဟာ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်သစ်ရှာမရဖြစ်နေဆဲဖြစ်ပြီး အသင်းဟောင်းက ကစားသမားတွေဆီ အလည်အပတ်ရောက်လာခဲ့တာဖြစ်ပါတယ်။
Photo-Reuters