ကွယ်လွန်သွားတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမားကြီး ဆာဘော်ဘီချာတန်ကို ဂုဏ်ပြုတဲ့အနေနဲ့ မန်ယူရဲ့ အိုးထရက်ဖို့ကွင်းရှေ့ရှိ ဘော်ဘီချာတန် ရုပ်တုရှေ့မှာ ပရိသတ်တွေက လွမ်းသူ့ပန်းတွေ ချခဲ့ကြပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ်တချို့မှာလည်း ဘော်ဘီချာတန် ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းခြင်း အထိမ်းအမှတ် ငြိမ်သက်ဆုတောင်းခဲ့ကြတာနဲ့ သူ့ရဲ့ရုပ်ပုံတွေ ချိတ်ဆွဲ ဂုဏ်ပြုခဲ့ကြတာလည်း ရှိပါတယ်။
အသက် ၈၆ နှစ်အရွယ် ဘော်ဘီချာတန်ဟာ ဦးနှောက်ထိခိုက်မှုကြောင့် ဆေးကုသမှု ခံယူနေရာက အောက်တိုဘာ ၂၁ ရက်နေ့မှာ မိသားစုဝင်တွေရဲ့ ရှေ့မှောက်မှာ ငြိမ်းချမ်းစွာနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ မန်ယူအသင်းအတွက် ၇၅၈ ပွဲနဲ့ အင်္ဂလန်အတွက် ၁၀၆ ပွဲ ကစားပေးခဲ့သလို ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို ကမ္ဘာ့ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
Photo-Reuters