Home
မြန်မာသတင်း
ကန့်ဘလူခရိုင်၌ ပျူစောထီးစခန်းတိုက်ခိုက်ခံရ၊ ၁၀ ဦး ထက်မနည်း သေဆုံး
DVB
·
October 22, 2023

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ ယောကျေးရွာရှိ ပျူစောထီး အထိုင်စခန်း အောက်တိုဘာ ၂၁ ရက်‌က တိုက်ခိုက်ခံရလို့ ပျူစောထီး ၁၀ ယောက်လောက် သေဆုံးပြီး အများအပြား ဒဏ်ရာရ ထွက်ပြေးသွားတယ်လို့  ကန့်ဘလူ မြေအောက်တော်လှန်ရေးအဖွဲ့က ပြောပါတယ်။

အောက်တိုဘာ ၂၁ ရက်‌  မနက် ၉ နာရီလောက်မှာ Kanbalu-Underground Warriors အဖွဲ့နဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ပြောက်ကျားဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရသေဆုံးခဲ့တာလို့  Kanbalu Underground Warriors အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Kanbalu Underground Warriors-KBU UG အဖွဲ့ တာဝန်ရှိ ကိုစိုးကြီးက"ပျူစောထီးတွေ သိမ်းထားတဲ့နွားတွေလည်း သေနတ်မှန်ပြီး သေကြတာတွေရှိတယ်၊ ကျနော်တို့ဘက်က လက်လုပ်လက်နက်ငယ်တွေနဲ့ပစ်တာ ဟိုဘက်ကတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပြန်ပစ်တယ် ကျနော်တို့ KBU UG နဲ့ LPDF တော်လှန်ရေးအင်အားစုတွေက သွားတိုက်တာပါ။ ဟိုဘက်က ၁၀ ယောက်လောက်သေပြီး၊ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်။ အ‌ရေအတွက်အနေနဲ့တော့ မသိရသေးဘူးဗျ၊ ကျနော်တို့ဘက်က အထိအခိုက်မရှိ ပြန်ဆုတ် လာနိုင်ခဲ့တယ် "လို့ ပြောပါတယ်။

ထန်းကုန်းတိုက်နယ်ထဲမှာ ပျူစောထီး‌တွေက ကင်းပုန်းဝပ်နေတာကြောင့်  ဒေသခံတောင်သူ လယ်သမားတွေက မြေပဲချိန်မှာ မြေပဲစိုက်နိုင်ဖို့နဲ့ နေရေးထိုင်ရေးအတွက် အခက်အခဲ ဖြစ်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024