ကိုလံဘီယာ မူးယစ်ရာဇာကြီး ပက်ဘလို အက်စ်ကိုဘာမှ ပိုင်ဆိုင်ခဲ့တယ်လို့ ယူဆရပြီး ကွယ်လွန်သူ အက်စ်ကိုဘာအတွက် ရည်စူးထားတဲ့ ပြတိုက်တခုလို လည်ပတ်နေတဲ့ အဆောက်အအုံ တခုကို အောက်တိုဘာ ၂၀ ရက်မှာ ကိုလံဘီယာအစိုးရရှေ့နေရုံးက သိမ်းယူခဲ့ပါတယ်။
ပက်ဘလို အက်စ်ကိုဘာဟာ ၈၀ ခုနှစ်နဲ့ ၉၀ ခုနှစ်တွေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုကနေ ရရှိတဲ့ တရားမဝင်ငွေတွေနဲ့ မက်ဒယင်းမြို့က အဆင့်မြင့်ရပ်ကွက်တခုမှာ တည်ရှိတဲ့ ဒီအဆောက်အအုံကို ဝယ်ယူဖို့ ကိုယ်စား နာမည်ခံပေးမယ့်သူတွေကို အသုံးပြုခဲ့ကြောင်း စွပ်စွဲခံထားရကြောင်း အစိုးရရှေ့နေရုံးကနေ သိရပါတယ်။
မူးယစ်ဆေးဘုရင် အက်စ်ကိုဘာရဲ့ အကိုဖြစ်သူမှ လည်ပတ်လုပ်ကိုင်နေတယ်လို့ ယူဆရတဲ့ အက်စ်ကိုဘာ ပြတိုက်ဟာ အက်စ်ကိုဘာ သေဆုံးပြီးနောက် နှစ်ပေါင်း ၃၀ နီးပါးအကြာမှာတော့ ကိုလံဘီယာမြို့က ခရီးသွား ဆွဲဆောင်မှု နေရာတခု ဖြစ်လာခဲ့ပါတယ်။
အက်စ်ကိုဘာဟာ ၁၉၉၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်မှာ မက်ဒယင်းမြို့မှာ စစ်သားတွေနဲ့ အံ့မခန်း သေနတ်ပစ်ခတ်မှုမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာပါ။
သူဟာ ကမ္ဘာ့အာဏာအရှိဆုံး ရာဇ၀တ်အဖွဲ့အစည်းတခုရဲ့ အကြီးအကဲဖြစ်ပြီး ကိုလံဘီယာရဲ့ အလိုအရှိဆုံး ဝရမ်းပြေးတယောက်လည်း ဖြစ်ပါတယ်။
သူ့ရဲ့ မက်ဒယင်းဂိုဏ်းကြောင့် ကြုံခဲ့ရတဲ့ အကြမ်းဖက်မှုတွေမှာ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။
Source/Photo-Reuters