Home
နိုင်ငံတကာ
အရှေ့အလယ်ပိုင်းဒေသ၌ ပဋိပက္ခကျယ်ပြန့်လာမည့် အန္တရာယ်ရှိနေဟု ကုလကိုယ်စားလှယ်ပြော
DVB
·
October 20, 2023

အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ ပဋိပက္ခတွေ ကျယ်ပြန့်လာမယ့်ဘေးက အလွန်အန္တရာယ်များတဲ့ အခြေအနေ ရှိနေတယ်လို့  ကုလသမဂ္ဂအရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ကိုယ်စားလှယ် တောဝမ်းနက်စ်လန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပြောလိုက်ပါတယ်။

ဝမ်းနက်စ်လန်းက “အရှေ့အလယ်ပိုင်းတခုလုံးမဟုတ်ရင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခရဲ့ လမ်းကြောင်းကို ပြောင်းလဲနိုင်တဲ့ နက်နဲပြီး အန္တရာယ်ရှိတဲ့ ချောက်ထဲကျနော်တို့ရောက်နေမှာကို စိုးရိမ်ပါတယ်” လို့ လုံခြုံရေး ကောင်စီကို ဒိုဟာကနေ  ဗွီဒီယိုကတဆင့် မိန့်ခွန်းပြောကြားခဲ့တာပါ။

အကူအညီတွေပေးပို့ခွင့်ပြုဖို့ အီဂျစ်နဲ့ ဂါဇာကမ်းမြောင်ကြား ရာဖာနယ်စပ်နားမှာ လူသားချင်းစာနာ ထောက်ထားမှုအတွက် ပဋိပက္ခကို ခဏရပ်ထားဖို့ ကြိုးပမ်းရေး  နိုင်ငံတကာ သံတမန်ရေးရာက အာရုံစိုက်ထားပါတယ်။ 

ဂါဇာကမ်းမြောင်ဘက်ခြမ်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရာဖှာနယ်စပ်ကို တရားဝင် မပိတ်သိမ်းပေမယ့် ဝင်ခွင့်မရသေးဘူးလို့ အီဂျစ်က ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသတလျှောက် အရေးပေါ် လိုအပ်ချက်တွေကို ပုံမှန်ပံ့ပိုးပေးနိုင်ဖို့ သက်ဆိုင်သူ အားလုံးက သဘောတူထားတဲ့ ယန္တရားတခု လိုအပ်နေတယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ မာတင် ဂရစ်ဖစ်သ်က လုံခြုံရေးကောင်စီကို အောက်တိုဘာ ၁၈ ရက်မှာ ပြောပါတယ်။

ဆုံးဖြတ်ချက်မူကြမ်းမှာ ဟားမတ်စ်တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရှုတ်ချထားပြီး ဂါဇာမှာရှိတဲ့ အရပ်သားတွေနဲ့ ကုလသမဂ္ဂဝန်ထမ်းတွေ ပါလက်စတိုင်းနယ်မြေရဲ့ တောင်ဘက်ကို ပြောင်းဖို့ အမိန့်ကို ပယ်ဖျက်ရေး အစ္စရေးကို နာမည်မဖော်ဘဲ တိုက်တွန်းထားပါတယ်။

အစ္စရေးဟာ ၇၅ နှစ်အတွင်း ဟားမတ်စ်တို့ရဲ့ အဆိုးရွားဆုံး တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်ဖို့ မြေပြင်ထိုးစစ်အတွက် ပြင်ဆင်နေချိန်မှာ ဂါဇာမှာရှိတဲ့ လူဦးရေ ထက်ဝက်နီးပါး ဖြစ်တဲ့ လူဦးရေ ၁ ဒသမ ၁ သန်းလောက်ကို တောင်ဘက်ဆီ ရွှေ့ပြောင်းဖို့ အစ္စရေးက အမိန့်ပေးခဲ့ပါတယ်။ 

“ပွင့်ပွင့်လင်းလင်းပြောရရင် ဘေးဒဏ်ကနေ ရုန်းထွက်ဖို့ မြောက်ကနေ တောင်ဘက်ကို လူဘယ်လောက် ပြောင်းလာတယ်ဆိုတာ ကျနော်တို့ မသိပါဘူး” လို့ ဂရစ်ဖစ်သ်က ပြောပါတယ်။

အရပ်သားတွေ ရွှေ့ပြောင်းသည်ဖြစ်စေ၊ တည်းခိုသည်ဖြစ်စေ သူတို့ကို အကာအကွယ်ပေးရမယ်လို့ ဆိုပါတယ်။

Source/Photo-Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024