Home
အားကစား
ပွဲထွက်ခွင့်မရသဖြင့် လက်ရွေးစင်ဘဝ အဆုံးသတ်မှာကို အာဆင်နယ် ဂိုးသမား ရမ်စ်ဒေး စိုးရိမ်
DVB
·
October 20, 2023

အာဆင်နယ်အသင်းမှာ ပွဲထွက်ခွင့်မရလို့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်းမခံရ တော့မှာကို ဂိုးသမား အာရွန်ရမ်စ်ဒေးက စိုးရိမ်နေပါတယ်။

ရမ်စ်ဒေးဟာ အာဆင်နယ် နံပါတ်တစ်ဂိုးသမား နေရာကို ဂိုးသမားသစ် ဒေးဗစ်ရာယာဆီ ပေးအပ်လိုက်ရပြီးနောက် လိဂ်ရှုံးထွက်ဖလားပွဲစဉ်မှာပဲ ကစားခွင့်ရရှိခဲ့တာပါ။

ကလပ်အသင်းနဲ့ ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် အင်္ဂလန်အသင်းမှာ ရွေးချယ် ခြင်းမခံရမှာကို စိုးရိမ်ကြောင်း၊ ဟယ်ရီမက်ဂွဲယားနဲ့ ကယ်ဗင်ဖိလစ်တို့ဟာလည်း ပွဲထွက်ခွင့်မရခဲ့ကြပေမဲ့ အင်္ဂလန်အသင်းမှာ နေရာပေး အသုံးပြုခဲ့ကြောင်း ရမ်စ်ဒေးက ပြောပါတယ်။

ဒါပေမဲ့ သူ့အတွက်တော့ လက်ရွေးစင်မှာလည်း ပွဲကစားခွင့်မရတာကြောင့် လက်စွမ်းပြသနိုင်ဖို့ အခွင့်အလမ်းမရှိလို့  တခြားသူတွေထက်ပိုပြီး စိုးရိမ်စရာကောင်းကြောင်း ရမ်စ်ဒေးလ်က ပြောသွားပါတယ်။ 

Photo-Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024