ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်ဟာ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းကို အောက်တိုဘာ ၁၈ ရက်မှာ ရောက်လာပါတယ်။
နိုင်ငံရေးအရ အထီးကျန် မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ အလည်အပတ်ခရီးစဉ်အတွင်း ဆွေးနွေးစရာတွေကို ပြင်ဆင်ဖို့ ရောက်လာတာပါ။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ရုရှားနိုင်ငံဆီ ရှားရှားပါးပါး ခရီးစဉ်အတွင်း ရောက်လာပြီး တလအကြာမှာ ပူတင်ကို ပြုံယမ်းမြို့တော်ဆီ ဖိတ်ကြားခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုအစီအစဉ်နဲ့ ယူကရိန်းစစ်ပွဲ အပါအဝင် စစ်ရေး ပူးပေါင်းဆောင်ရွက်ချက်တွေကို ဆွေးနွေးခဲ့ပြီး တလအကြာမှာ လာ့ဗရော့ဗ်ရဲ့ခရီးစဉ် ဖြစ်လာတာပါ။
၂၀၁၈ ခုနှစ်မှာ မြောက်ကိုရီးယားကို နောက်ဆုံးရောက်ခဲ့တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ အင်တာဖက်စ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ရုရှားရဲ့ တက်စ်သတင်းဌာနကလည်း လာ့ဗရော့ဗ်ဟာ ပူတင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ရဲ့ ရလဒ်တွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားအစိုးရကို အကျဉ်းချုံးတင်ပြနိုင်ပြီး ပူတင်ရဲ့ အလားအလာရှိတဲ့ ခရီးစဉ်ကိုလည်း ဆွေးနွေးနိုင်တယ်လို့ သုံးသပ် ဖော်ပြထားပါတယ်။
Source/Photo-Reuters