Home
အားကစား
ရိုးမားကနေ ထွက်ခွာတော့မည့် မော်ရင်ညိုကို ဆော်ဒီကလပ်များ ခေါ်ယူရန် စီစဉ်
DVB
·
October 18, 2023

အခုနှစ်ရာသီအကုန်မှာ ရိုးမားအသင်းကနေ ထွက်ခွာတော့မယ့်  နည်းပြမော်ရင်ညိုကို ဆော်ဒီကလပ်တွေက ခေါ်ယူဖို့ စီစဉ်နေပါတယ်။

အသက် ၆၀ နှစ်ရှိ ပေါ်တူဂီနည်းပြဟာ ရာသီအကုန်မှာ ရိုးမားနဲ့ စာချုပ် သက်တမ်းကုန်ဆုံးမှာပါ။

စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးညှိနှိုင်းတာ မရှိသေးတာကြောင့် ရာသီအကုန် ထွက်ခွာဖို့ရှိတဲ့ မော်ရင်ညိုကို ဆော်ဒီကလပ်တွေက မက်မောလောက်စရာ လုပ်ခနဲ့ ဆွဲဆောင်ဖို့ စီစဉ်ထားကြတာပါ။

မော်ရင်ညိုကတော့ ရိုးမားအသင်းနဲ့ နောက်ဆုံးနေ့ရက်အထိ အာရုံစိုက်ထားပြီး အနာဂတ်ကို ဘယ်သူမသိပေမဲ့ တချိန်မှာ ဆော်ဒီလိဂ်မှာ နည်းပြတာဝန်ယူနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ဖူးတာပါ။

မနှစ်ကရာသီမှာ မော်ရင်ညိုကို ခေါ်ယူဖို့ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းက ကြိုးပမ်းခဲ့ဖူးပါတယ်။

လတ်တလောသတင်းတွေအရ ဆော်ဒီကလပ်တွေဟာ မော်ရင်ညိုကို ပေါင် ၁၀၄ သန်းတန်ကြေးရှိ ၂ နှစ်သက်တမ်းစာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024