မန်ယူအသင်းဟာ ပရိသတ်တွေရဲ့ ဆန္ဒပြမှုတွေရှိလာနိုင်လို့ အိုးထရတ်ဖို့ဒ်ကွင်းမှာ လုံခြုံရေး ပိုမိုတိုးမြှင့်ဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
အသင်းပိုင်ရှင်ဂလေဇာမိသားစုဟာ အသင်းမှာဆက်ရှိတော့မှာဖြစ်လို့ ပရိသတ်တွေရဲ့ဆန္ဒနဲ့ သဘောထားကွဲလွဲနေပြီး ဆန္ဒပြမှုတွေ ရှိလာနိုင်တာပါ။
ဂလေဇာမိသားစုဟာ မန်ယူအသင်းရဲ့ ၂၅ ရာခိုင်နှုန်းကိုပဲ ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ဆာဂျင်ရတ်ကလစ်ဖ်ကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီး ကာတာစော်ဘွားရဲ့ ရာနူန်းပြည့်ဝယ်ယူဖို့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တာပါ။
ဒီအခြေအနေကြောင့် လာမယ့် အိမ်ကွင်းပွဲစဉ်တွေမှာ ပရိသတ်တွေရဲ့ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ရနိုင်တာကို မန်ယူအသင်းက သိရှိထားပြီး လုံခြုံရေးပိုမိုချထားဖို့ လုပ်ဆောင်နေတာဖြစ် ပါတယ်။
မန်ယူအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ရှက်ဖီးနဲ့ အဝေးကွင်းကစားပြီးနောက် ဂါလာတာစာ ရေး၊ မန်စီးတီးအသင်းတွေနဲ့ အိမ်ကွင်းနှစ်ပွဲဆက်တိုက် ကစားသွားရမှာဖြစ်ပါတယ်။
Photo-Reuters