Home
နိုင်ငံတကာ
ဩစတြေးလျ ဌာနေတိုင်းရင်းသားများ အသိအမှတ်ပြုမခံရ
DVB
·
October 16, 2023

ဩစတြေးလျနိုင်ငံဟာ သူ့ရဲ့ ဒေသခံမူလဌာနေတိုင်းရင်းသားတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အသိအမှတ် ပြုရေး အဆိုပြုချက်ကို အောက်တိုဘာ ၁၄ ရက်က ဆန္ဒခံယူရာမှာ ပြတ်ပြတ်သားသား ပယ်ချခံရပါတယ်။ 

ဒါဟာ ဌာနေတိုင်းရင်းသားတွေနဲ့ ပြန်လည်ရင်ကြားစေ့ရေး နိုင်ငံရဲ့အားထုတ်မှုကို အကြီးစား နောက်ပြန် လှည့်လိုက်တဲ့ ခြေလှမ်း ဖြစ်လာပါတယ်။

နိုင်ငံတဝန်း မဲရေတွက်ပြီးချိန်မှာ ထောက်ခံမဲ ၃၉ ဒသမ ၇၅ ရာခိုင်နှုန်းနဲ့ ကန့်ကွက်မဲ ၆၀ ဒသမ ၂၅ ရာခိုင်နှုန်း ရခဲ့တာဖြစ်ပါတယ်။ ပြည်နယ် ၆ ခုစလုံးက မဲရှင်အများစုက ကန့်ကွက်မဲ ပေးခဲ့ကြပါတယ်။

ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနိစ်က “အစကတည်းက ကျနော် ပြောချင်တာက ဒီနေ့ညရဲ့ရလဒ်က မျှော်လင့်ထားသလိုမဟုတ်ဘူး” လို့ ပြောပါတယ်။ 

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အောင်မြင်ဖို့ ပြည်နယ် ၆ ခုထဲက ၄ ခုထက်မနည်း ထောက်ခံမဲပေးဖို့ လိုပြီး နိုင်ငံအဆင့်မှာ မဲအများစုက ထောက်ခံမဲပေးရမှာပါ။

တကယ်လို့ ထောက်ခံမဲသာရရှိ အတည်ပြုနိုင်ခဲ့ရင် ဌာနေတိုင်းရင်းသားတွေနဲ့ တောရက်စ် ရေလက်ကြားကကျွန်းသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေအပေါ် ဓနသဟာယနိုင်ငံ ဩစတြေးလျ အစိုးရနဲ့ လွှတ်တော်မှာ ကိုယ်စားပြုခွင့်ကို ပြဋ္ဌာန်းပေးဖို့ အခြေခံဥပဒေအရ တိုင်းရင်းသား ဩစတြေးလျ ကျွန်းသားတွေကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။

ဒါကြောင့် တကယ်လို့ ထောက်ခံမဲသာ အနိုင်ရခဲ့ရင် လွှတ်တော်အတွက် အသံ တရပ် အနေနဲ့ ဌာနေ တိုင်းရင်းသား အကြံပေးအဖွဲ့ကို ဖန်တီးပြီး ကျွန်းသားတွေကို အသိအမှတ် ပြုပေးမှာလည်း ဖြစ်ပါတယ်။ 

Source/Photo-Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024