Home
နိုင်ငံတကာ
ဟားမက်စ် တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို အစ္စရေး စစ်ဆေး
DVB
·
October 15, 2023

အစ္စရေးနိုင်ငံမှာ စစ်ဘက်ဆိုင်ရာ မှုခင်းဆေးပညာအဖွဲ့တွေက ဟားမက်အဖွဲ့ရဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေရဲ့ ရုပ်အလောင်းတွေကို စစ်ဆေးခဲ့ကြတယ်လို့ တာဝန်ရှိသူတွေအနေနဲ့ အောက်တိုဘာ ၁၄ ရက်က အတည်ပြုပါတယ်။ 

အဲဒီရုပ်အလောင်းတွေမှာ နှိပ်စက်ညှဉ်ပန်းမှု၊ အဓမ္မပြုကျင့်မှုနဲ့ အခြားရက်စက်ကြမ်းကြုတ်တဲ့ လက္ခဏာအများအပြား တွေ့ရတယ်လို့လည်း ဆိုပါတယ်။ 

အစ္စရေးအလယ်ပိုင်း ရမ်လာမြို့က စစ်တပ်စခန်း တခုမှာ ရုပ်အလောင်းပေါင်း ၁၃၀၀ ကျော်ကို ယူဆောင်လာခဲ့တာပါ။ 

အဲဒီနောက် သေဆုံးခဲ့ရသူတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ သေဆုံးမှုဆိုင်ရာ အခြေအနေတွေကို ကျွမ်းကျင်သူအဖွဲ့တွေက မှုခင်းဆေးပညာအရ စစ်ဆေးခဲ့ပါတယ်။

မှုခင်းဆေးပညာဆိုင်ရာအဖွဲ့ဝင်တွေကတော့ ရုပ်အလောင်း အတော်များများမှာ ညှဉ်းပန်းနှိပ်စက် ခံရမှုနဲ့ မုဒိမ်း ပြုကျင့်ခံထားရတဲ့ ပုံစံမျိုးတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့်လည်း အတည်ပြုမှုဆိုင်ရာ လုပ်ငန်းစဉ်အပေါ်  ကိုင်တွယ်ကြီးကြပ်နေတဲ့ တာဝန်ရှိသူက ဓာတ်ပုံနဲ့ ဆေးမှတ်တမ်းလိုမျိုး မှုခင်းဆိုင်ရာ သက်သေတွေကို တင်ပြခဲ့ခြင်းတော့ မရှိပါဘူး။

ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဂါဇာကမ်းမြှောင်ကို ထိန်းချုပ်ထားတဲ့ အစ္စလာမ္မစ်လှုပ်ရှားမှု ဟား မက်စ် အဖွဲ့ဘက်က ငြင်းဆန်ထားပါတယ်။ 

အောက်တိုဘာ ၇ ရက် အစောပိုင်းအချိန်တွေမှာ ဂါဇာဒေသအနီး တဝိုက်ကို သေနတ်သမားတွေက အတားအဆီး ဖြတ်ကျော်ကာ ဝင်ရောက်လာခဲ့ပြီး အစ္စရေး အသိုက်အဝန်းအပေါ် ရုတ်တရက် တိုက်ခိုက်ခဲ့တာပါ။

Source/Photo-Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024