အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ အောက်တိုဘာ ၁၃ ရက်က ဂျော်ဒန်နိုင်ငံ မြို့တော် အမ်မန်မှာ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနဲ့ တွေ့ဆုံခဲ့ပြီး ဂါဇာဒေသက လူတွေကို တောင်ဘက်ကိုရွှေ့ပြောင်းဖို့ တိုက်တွန်းခဲ့ပါတယ်။
ကုလသမဂ္ဂက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးဆက်တွေကို မထိခိုက်စေဘဲ လုပ်ဆောင်ဖို့ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့တာကြောင့် ဝန်ကြီး ဘလင်ကန်ဟာ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုနဲ့ ဒီပဋိပက္ခအရေး ဆွေးနွေးခဲ့ပြီးနောက်မှာ ခုလို တောင်းဆို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
ဘလင်ကန်ဟာ အစ္စရေးကို ဦးဆုံး သွားရောက်ခဲ့တာဖြစ်ပြီး ဂါဇာမှာ မြေပြင်ထိုးစစ်အတွက် အစ္စရေးက ပြင်ဆင်နေချိန်အတွင်း သူ့ရဲ့ အကျယ်ပြန့်ဆုံး အရှေ့အလယ်ပိုင်းခရီးစဉ်မှာ ဒုတိယမြောက် ခရီးထောက်အဖြစ် ဂျော်ဒန်နိုင်ငံကို သွားရောက်ခဲ့တာပါ။
ဘလင်ကန်ဟာ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနဲ့ မတွေ့ဆုံခင်မှာ ဂျော်ဒန်ကိုရောက်ရှိနေတဲ့ ပါလက်စတိုင်းအာဏာပိုင် အကြီးအကဲ မာမွတ် အက်ဘာ့စ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သူတို့တွေရဲ့ ဆွေးနွေးမှုတွေကိုတော့ အသေးစိတ် သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။
သောကြာနေ့ တနေ့တည်းမှာပဲ အမေရိကန် ထိပ်တန်းသံတမန် ဘလင်ကန်ဟာ အီရန် ကျောထောက်နောက်ခံပြု အစ္စလာမ္မစ်အဖွဲ့ဖြစ်တဲ့ ဟားမတ်စ်အပေါ် လွှမ်းမိုးမှုရှိတဲ့ နောက်ထပ် ၃ နိုင်ငံဖြစ်တဲ့ ကာတာ၊ ဘာရိန်းနဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေကို သွားရောက်ဖို့လည်း စီစဉ်ထားပါတယ်။
Source/Photo-Reuters