Home
မြန်မာသတင်း
ဒုဋ္ဌဝတီမြစ်ရေလျှံပြီး  သီပေါနှင့် နမ္မတူတွင် လူနေအိမ်များအတွင်း ရေဝင်
DVB
·
October 13, 2023

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်မှာ ခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ဒေသထဲက  ဒုဋ္ဌဝတီမြစ်၊ နမ့်မချောင်းနဲ့ မိုးတေချောင်းတို့ ရေမြင့်တက်လာပြီး အနီးနားရှိ လူနေအိမ်ခြေရပ်ကွက်တွေထဲ ရေတွေ ဝင်ကုန်ပါတယ်။ 

သီပေါမြို့မှာဆိုရင် မနေ့ ည ၇ နာရီခွဲ ၈ နာရီလောက်ကစပြီး အနိမ့်ပိုင်းတွေဖြစ်တဲ့ ဈေးရပ် အောက်ချိုင့်၊ အောင်မင်္ဂလာဘိုးတော်ကျောင်းတိုက်အနောက်ခြမ်းနဲ့ ဟတ်လျှံလို့ခေါ်တဲ့ ပန်းတိမ် တောင်ရပ်ကွက၊ ကျောင်းပြိန်းကျေးရွာအစရှိတဲ့  မြစ်ကမ်းနားနီးတဲ့ နေအိမ်ထဲကို ရေတွေဝင် လာတာလို့ သီပေါဒေသခံ တဦးက  ပြောပါတယ်။ 

“သီပေါမှာ ၁၁ ရက်ကတည်းက မိုးတွေရွာပြီး မနေ့ညကတော့ ဟတ်လျှံရပ်ကွက်ထဲကို ရေ တွေဝင်လာတယ်။ ရေကတဖြည်းဖြည်းမြင့်လာတာ ဒီကနေ့မနက်မှာ ဒူးခေါင်းလောက်ထိမြင့် လာတယ်။ ဟတ်လျှံရပ်ကွက်ထဲမှာ ရေဝင်တဲ့အိမ်ခြေ ၂၀ ကျော်ပါတယ်။၊ သီပေါမြို့ခံ ပရဟိတအဖွဲ့ တွေ၊ နယ်စည်းမခြား၊ မြတ်မွန်စေတနာနဲ့ သီပေါလူငယ်အဖွဲ့တွေက  ပစ္စည်းနဲ့ လူတွေကို အမြင့်ကို ရွှေ့ပြောင်းပေးနေကြတယ်။ မြစ်ကမ်းဘေးမှာ သဲအိတ်တွေနဲ့ လိုက်ဖို့ ပေးနေပါတယ်။ အနိမ့်ပိုင်း ရပ်ကွက်ကလူတွေ အမြင့်ကိုကြိုတင်ရွှေ့ထားဖို့လည်း ရပ်ကွက်ထဲမှာ လိုက် အော်နေတယ်။”

ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ သီပေါဈေးရပ်ကွက်ထဲက ရေဘေးသင့်ပြည်သူတွေကို မြို့ လယ်ဓမ္မာရုံကို ယာယီပြောင်းရွှေ့ နေရာချထားပေးပြီး ရွှေ့ပြောင်းရသူ လူဦးရေဘယ် လောက် ရှိလဲ ဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် မနေ့က သီပေါနဲ့ နမ္မတူသွားကားလမ်းပေါ်မှာ ရေတွေကျော်နေတယ်လို့ ဒေသခံက ပြောပါတယ်။ 

နမ္မတူမြို့မှာဆိုရင် နမ္မတူမြစ်ရေ မြင့်တက်လာပြီး မနေ့မနက် ၁၁ နာရီကျော်လောက်မှာ ပန်ဟိုက် ရပ်ကွက်ထဲကို ရေတွေဝင်ရောက်လာတဲ့အတွက် နမ္မတူမြို့နယ် မီးသတ်စခန်းက ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ရေဘေးသင့်ပြည်သူတွေကို ကူညီရွှေ့ပြောင်းပေးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

photo-MFSD

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024