Home
အားကစား
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မြန်မာအသင်းက မကာအိုကို ၅ဂိုး ၁ ဂိုးဖြင့် အနိုင်ရ
DVB
·
October 13, 2023

ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ အောက်တိုဘာ ၁၂ ရက် ညနေ ၄ နာရီက ကျင်းပခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ရဲ့ပထမအဆင့်၊ ပထမအကျော့ပွဲစဉ်မှာ  မြန်မာလက်ရွေးစင် ဘောလုံးအသင်းက မကာအိုအသင်းကို ၅ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာနဲ့ မကာအိုအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာမှာ ပွဲချိန် ပထမပိုင်းပွဲပြီးခါနီး ၄၃ မိနစ်မှာ မြန်မာအသင်းအတွက် ပထမဆုံးအဖွင့်ဂိုးကို လွင်မိုးအောင်က ‌သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းမှာ မြန်မာက ၁ ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စချိန်မှာ မကာအိုအသင်းအတွက် ချေပဂိုးကို မကာအိုတိုက်စစ်မှူး နီကီတော်ရာအို က ပွဲချိန် ၅၅ မိနစ်မှာ သွင်းယူနိုင်ခဲ့ပြီး မြန်မာအသင်းအတွက် ဒုတိယ အနိုင်ဂိုး ကို ၆၂ မိနစ်မှာ နောက်တန်းကစားသမား စိုးမိုးကျော်က  ဂိုးသွင်းခဲ့ပါတယ်။။  

မြန်မာအသင်း လူအပြောင်းအလဲလုပ်ပြီးနောက် ပွဲချိန် ၈၁ မိနစ်မှာ အောင်ကောင်းမာန်က တတိယ မြောက်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့သလို ၊ မိနစ် ၉၀ မှာ နေမိုးနိုင်တို့က ဂိုးဧရိယာအစပ်ကနေ အပြင်းကန်သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်း အချိန်ပို ၄ မိနစ်မှာ လွင်မိုးအောင်က နောက်ထပ် ၁ ဂိုး သွင်းယူခဲ့ကာ မြန်မာအသင်းက ဂိုးပြတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပထမကျော့ပွဲစဉ်မှာ အနိုင်ရရှိထားတဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ဒုတိယအကျော့ပွဲအတွက် မကာအိုကို ကြိုတင်ထွက်ခွာမှာ ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်မှာ မကာအိုအသင်းနဲ့ အဝေးကွင်းပွဲစဉ်ကစားရမှာ ဖြစ်ပါတယ်။

Photo-MFF

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024