အင်္ဂလန်တိုက်စစ်မှူးဟောင်း မေဆင်ဂရင်းဝုဒ်အနေနဲ့ ဂျာမေကာအသင်းကို ကိုယ်စားပြုကစား မယ်ဆိုရင် ကြိုဆိုကြောင်း နည်းပြဟောလ်ဂရစ်ဆန် ကပြောသွားပါတယ်။
ဂရင်းဝုဒ်ဟာ အင်္ဂလန်လက်ရွေးစင်အတွက်တစ်ပွဲကစားခဲ့ဖူးပြီး ၂၀၂၁ ခုနှစ်အတွင်းက ကိုဗစ်စည်းမျဉ်းတွေကိုချိုးဖောက်ခဲ့ပြီးနောက် အိမ်ပြန်ပို့ခဲ့တာပါ။
အဲဒီနောက် အတူနေချစ်သူနဲ့ အမှုရင်ဆိုင်ခဲ့ရပြီးနောက်မှာ ကလပ်အသင်းသာမက နိုင်ငံအသင်းကနေပါ ကစားခွင့်ပိတ်ပင်ခံခဲ့ရတာပါ။
လက်ရှိအချိန်မှာတော့ မန်ယူအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် စပိန်ကလပ် ဂီတာဖေးအသင်းဆီ အငှားသွားရောက်ကစားနေပြီး ပြီးခဲ့တဲ့တစ်ပတ်က အနိုင်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ဂျာမေကာအသင်းနည်းပြ ဟော်လ်ဂရစ်ဆန်ကတော့ သူဟာ တခြားနည်းပြတွေလိုပဲ ထူးချွန်တဲ့ကစားသမားတွေ အသင်းမှာရှိစေလိုကြောင်း၊ ဂရင်းဝုဒ်အနေနဲ့ အရင်ကလိုကြံ့ခိုင်မှုနဲ့ ခြေစွမ်းပြန်လည်ရရှိမယ်ဆိုရင် ဂျာမေကာအသင်းကို ကူညီပေးနိုင်တာကြောင့် ကြိုဆိုမှာဖြစ်ကြောင်းပြောပါတယ်။
အင်္ဂလန်မှာမွေးခဲ့ပေမဲ့ ဂျာမေကာမျိုးရိုးကနေ ဆင်းသက်လာတဲ့ ဂရင်းဝုဒ်ဟာ ဂျာမေကာအတွက်ကိုယ်စားပြုကစားခွင့်ရှိနေ တာဖြစ်ပါတယ်။
Photo-Reuters