အင်အားကောင်းတဲ့ ဟာရီကိန်း လိဒီယာဟာ မက္ကဆီကိုနိုင်ငံရဲ့ ပစိဖိတ်ကမ်းရိုးတန်းကို ခပ်ပြင်းပြင်း ဝင်ရောက်တိုက်ခတ်ခဲ့လို့ သစ်ပင်တွေနဲ့ ဓာတ်အားလိုင်းတွေ လဲပြိုကျခဲ့ပြီးနောက်မှာ အောက်တိုဘာ ၁၀ ရက်က အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ပါတယ်။
အင်္ဂါနေ့က ကမ်းရိုးတန်းမြို့ ပွာရ်တို ဗာယာ့ရ်တာမှာ သစ်ပင်တွေနဲ့ ပျက်စီးနေတဲ့ အဆောက်အဦတွေဆီက အပျက်အစီးတွေဟာ လမ်းပေါ်ထွက်ကျနေပါတယ်။
မြို့ရဲ့ကမ်းခြေမှာလည်း လေပြင်းတိုက်ခတ်မှုတွေ ရှိနေပါတယ်။ အမြင့်ဆုံးလေတိုက်နှုန်း တနာရီကို ၁၁၀ ကီလိုမီတာနဲ့ အမျိုးအစား ၂ မုန်တိုင်းအဖြစ်ကို အားပျော့သွားခဲ့တဲ့ ဟာရီကိန်း လိဒီယာဟာ မက္ကဆီကို အနောက်အလယ်ပိုင်းကိုဖြတ်ပြီး ကုန်းတွင်းပိုင်းကို ရွေ့လျားလာတဲ့အတွက် မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ မျှော်လင့်ရကြောင်း အမျိုးသားဟာရီကိန်းစင်တာက ပြောပါတယ်။
အမျိုးအစား ၄ မုန်တိုင်းအဖြစ် ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်း လိဒီယာကြောင့် မက္ကဆီကိုနိုင်ငံ အနောက်ဘက်ပြည်နယ် အများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အပြင် မြစ်ရေတွေ လျှံတက်ပြီး သစ်ပင်တွေပြိုလဲကာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ပန်တာမိတာကမ်းခြေ အပန်းဖြေစခန်းအနီး မုန်တိုင်းအတွင်း သစ်ပင်ပြိုကျမှုကြောင့် အမျိုးသားတဦး သေဆုံးခဲ့ကြောင်း နာယာရစ်တ် ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ပြောကြားချက်အရ သိရပါတယ်။
Source/Photo-Reuters