Home
ဆောင်းပါး
သဘာဝဘေးအန္တရာယ်တွေဟာ လူလုပ်ကပ်ဆိုးတွေ ဖြစ်လာပါပြီ
DVB
·
October 12, 2023

စက်တင်ဘာလအစက မြေထဲပင်လယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုင်ငံအများအပြားမှာ ရေကြီးတာ၊ အခြေခံအဆောက်အအုံတွေ ပျက်စီးတာနဲ့ လူသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုဟာလည်း အခုလို ပြင်းထန်တဲ့ ရာသီဥတု ဖြစ်ရပ်တွေကို ပိုပြီးအရှိန်မြှင့်စေတာကြောင့် ဒီလိုဖြစ်ရပ်တွေကို ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာကို စဉ်းစားဖို့ လိုလာပါပြီ။

ဒီသဘာဝဘေးအန္တရာယ်တွေကို “ဘုရားသခင်ရဲ့လုပ်ရပ်များ” လို့ မကြာခဏ အဓိပ္ပာယ်ဖွင့်ဆိုကြပေမဲ့ အချိန်အများစုမှာတော့ လူသားတွေရဲ့ လုပ်ရပ်တွေပေါ်ကို အပြစ်တင်တာက ပိုတရားမျှတပါတယ်။

Hellenic အမျိုးသားမိုးလေဝသဌာနက မုန်တိုင်း ဒန်နီယယ်လို့ အမည်ပေးထားတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် စပိန်၊ ဂရိ၊ ဘူလ်ဂေးရီးယား၊ တူရကီနဲ့ လစ်ဗျားတို့ အပါအဝင် နိုင်ငံအများအပြားမှာ ၁၀ ရက်ကျော်ကြာ မိုးရွာသွန်းခဲ့ပါတယ်။ စပိန်မှာ မိုးရွာသွန်းမှုဟာ နာရီအနည်းငယ်ပဲ ကြာခဲ့ပေမဲ့ ကြီးကြီးမားမား ရေကြီးမှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

ဂရိ၊ ဘူလ်ဂေးရီးယားနဲ့ တူရကီတို့မှာ ၄ ရက်ကြာ မိုးရွာသွန်းခဲ့ပြီး ဂရိရဲ့ စိုက်ပျိုးရေးဗဟိုဖြစ်တဲ့ သက်သာလီယန်လွင်ပြင်ဟာ ရေလွှမ်းခံခဲ့ရပါတယ်။ ပြီးတော့ မုန်တိုင်းဟာ မြေထဲပင်လယ် ဟာရီကိန်းမုန်တိုင်းအဖြစ်ကို ပိုမိုအားကောင်းလာကာ စက်တင်ဘာ ၁၀ ရက်နဲ့ စက်တင်ဘာ ၁၁ ရက်က လစ်ဗျားနိုင်ငံမှာ ၂၄ နာရီကြာ စံချိန်တင်ရေပမာဏ ရောက်ရှိခဲ့ပါတယ်။

ရာသီဥတုပြောင်းလဲမှုဟာ ပြင်းထန်သောရာသီဥတုကို ပိုဖြစ်စေပါတယ်။

အထူးသဖြင့် လစ်ဗျားနိုင်ငံရဲ့ အတွေ့အကြုံဟာ ဆိုးရွားလှပါတယ်။ မိုးရွာခြင်းက တချက်ဖြစ်ပေမဲ့ ကြီးမားတဲ့ ဆည်နှစ်ခုပြိုကျမှုက နောက်ထပ် အချက်တခု ဖြစ်လာပါတယ်။

စက်တင်ဘာ ၁၁ ရက် မနက် ၃ နာရီလောက်မှာ ရေတွေဟာ အတားအဆီးတွေကို ဖြတ်ကျော်ကာ ဒါနာရဲ့ အပေါ်ဘက်မှာ ဆူနာမီ အရွယ်အစားရှိတဲ့ မြစ်ရေကို လွှတ်ထုတ်ခဲ့ပါတယ်။ စက်တင်ဘာ ၂၁ ရက်အထိ လူပေါင်း ၄,၀၀၀ ခန့် သေဆုံးခဲ့ပြီး ၈,၀၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ရာသီဥတုပြောင်းလဲမှုဟာ ဒီလိုအဖြစ်အပျက်‌တွေမှာ အခန်းကဏ္ဍတခုကနေ ပါဝင်နေတယ် ဆိုတာကို လေ့လာမှုတခုက တွေ့ရှိခဲ့ပါတယ်။ ဂရိ၊ ဘူလ်ဂေးရီးယားနဲ့ တူရကီတို့မှာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေ ၁၀ ဆ ပိုများလာပြီး ၄၀ ရာခိုင်နှုန်းအထိ မိုးပိုမိုရွာသွန်းလာပါတယ်။

လစ်ဗျားမှာ သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တဲ့အရာကတော့ ဒီလို သဘာဝဘေးအန္တရာယ်တွေဟာ ရုပ်ကြွင်းလောင်စာတွေရဲ့ ထုတ်လွှတ်မှုကြောင့် အဆ ၅၀ ပိုများလာပြီး မိုးပိုလာတာလို့ ဆိုပါတယ်။ ဒါကြောင့် ရာသီဥတုဟာ ပြင်းထန်လာဆဲဖြစ်ပြီး ပုံမှန်မဟုတ်ပါဘူး။ ကမ္ဘာ့ရာသီဥတု တွက်ချက်ခြင်းရဲ့ ဦးဆောင်သူနဲ့ ပူးတွဲတည်ထောင်သူ ဖက်ဒရစ်ကီအော့တိုက မိုးရေချိန်ဟာ အရင်က မြင်တွေ့ရတဲ့ အရာအားလုံးရဲ့ အပြင်ဘက်မှာ ရှိနေတယ်လို့ ပြောပြပါတယ်။

ပြင်းထန်တဲ့ဖြစ်ရပ်‌တွေပြီးနောက် ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်ပေါ်စေတဲ့ လူသားတွေရဲ့ လုပ်ရပ်တွေကြောင့် ရာသီဥတု ထည့်သွင်းတွက်ချက်မှု လေ့လာမှုတွေဟာ စကားဝိုင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုမရှိဘဲ မပူနွေးတဲ့ ကမ္ဘာကြီးရဲ့ ပုံစံငယ်နဲ့ ဘာတွေဖြစ်ခဲ့လဲဆိုတဲ့ အတိအကျကို နှိုင်းယှဉ်ပြီး သုတေသီတွေက ဥတုနဲ့ ရာသီဥတု အကျပ်အတည်းဟာ မိုးလေဝသ အခြေအနေတခုအပေါ် ဘယ်လိုလွှမ်းမိုးမှုရှိနေလဲဆိုတာကို တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။

လူသားတွေမှာ အဖွဲ့အစည်းရှိပါတယ်။

လူသားအဖွဲ့အစည်းကို ထည့်သွင်းဖို့လည်း အရေးကြီးပါတယ်။ ရုပ်ကြွင်းလောင်စာတွေ စုပေါင်းလောင်ကျွမ်းမှုဟာ မုန်တိုင်းတွေနဲ့ မိုးခေါင်ခြင်း၊ အပူလှိုင်းတွေနဲ့ တောမီးဖြစ်ပွားမှု ကြိမ်နှုန်းကို ပိုမိုပြင်းထန်လာစေပါတယ်။

လစ်ဗျားဟာ ပြီးပြည့်စုံတဲ့ ဥပမာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်၊ အကျင့်ပျက်ခြစားမှုတွေနဲ့ လျစ်လျူရှုမှုကနေ ရုန်းထွက်နေတဲ့ တိုင်းပြည်ဟာ အားနည်းနေပါတယ်။ အစိုးရနှစ်ရပ် ကွဲသွားတာကြောင့် ပျက်စီးသွားတဲ့ ရေကာတာတွေကို အရေးပါတဲ့ ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ဖို့ ကျွမ်းကျင်သူတွေရဲ့ အကြိမ်ကြိမ် သတိပေးချက်တွေကြားက ဘာမှ ဖြစ်မလာခဲ့ပါဘူး။ လျှပ်တပြက်ရေကြီးခြင်းက ကာကွယ်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ အဆောက်အဦတွေဟာ ၁၉၈၆ ခုနှစ်မှာ မုန်တိုင်းတခုကြောင့် ပျက်စီးသွားခဲ့ပါတယ်။ ဆယ်စုနှစ်တခုကျော် ကြာပြီးနောက် လစ်ဗျားအစိုးရက လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတခုအရ သူတို့ရဲ့ အဆောက်အဦတွေမှာ အက်ကွဲမှုတွေ တွေ့ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ်က အစီရင်ခံစာတစောင်မှာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တွေမှာ အမေရိကန်ဒေါ်လာ ၂ သန်းကျော် ခွဲဝေပေးခဲ့ပေမဲ့လည်း ဆည်တွေကို မထိန်းသိမ်းနိုင်ခဲ့ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆိုးရွားတဲ့ အုပ်ချုပ်ရေးနဲ့ လောဘရဲ့ အဓိကပြဿနာ

လျှင်မြန်စွာပြောင်းလဲနေတဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို နှစ်ပေါင်းများစွာ ဆွေးနွေးခဲ့ကြပါတယ်။

တချို့အဖြစ်အပျက်‌တွေမှာ သတင်းထုတ်ပြန်ခြင်းနဲ့ အစိုးရက သူတို့ရဲ့ နိုင်ငံသားတွေကို အန္တရာယ်ကနေ ကာကွယ်ဖို့ လုံလောက်အောင် မလုပ်ဆောင်တဲ့အတွက် အချိန်အတန်ကြာအောင် စောဒကတက်စေခဲ့ပါတယ်။ ဥပမာ၊ မာဒါဂတ်စကာမှာ ကာလကြာရှည် စားနပ်ရိက္ခာပြတ်လပ်မှုကို မီဒီယာတွေမှာ နှစ်ပေါင်းများစွာ မိုးခေါင်ရေရှားမှုကြောင့် ထွက်ပေါ်လာတဲ့ ကမ္ဘာ့ပထမဆုံး ရာသီဥတုကြောင့် အငတ်ဘေးအဖြစ် ဝိုင်းဝန်းပုံဖော်ထားပါတယ်။

ဒါပေမဲ့ အဓိကပြဿနာက ဆိုးရွားတဲ့ အုပ်ချုပ်ရေးနဲ့ လောဘ၊ အစုအဖွဲ့ပိုင်မြေယာများ သိမ်းယူမှုတွေဟာ လူမှုအသိုင်းအဝိုင်းကို ဆင်းရဲတွင်းထဲ ကျဆင်းသွားချိန် စိုက်ပျိုးမြေနေရာ အများအပြားကို သိမ်းယူခဲ့ကြတယ်။ အမှန်မှာ ရာသီဥတုပြောင်းလဲမှုဟာ မာဒါဂတ်စကာက စားနပ်ရိက္ခာဖူလုံမှုရဲ့ အဓိကအချက် မဟုတ်ဘူးဆိုတာ ထည့်သွင်းလေ့လာမှုတခုက တွေ့ရှိခဲ့ပါတယ်။

တခြားနေရာတွေမှာ မြေယာစီမံခန့်ခွဲမှု ဆုံးဖြတ်ချက်တွေဟာ စုပ်ယူနိုင်တဲ့ စိုစွတ်တဲ့မြေတွေကို ပျော့ပျောင်းတဲ့ ကွန်ကရစ်အဖြစ်ကို ပြောင်းလဲလိုက်ပါတယ်။ ဂျာမနီက ၂၀၂၁ ခုနှစ် ရေလွှမ်းမိုးမှု နောက်ကွယ်က အကြောင်းရင်းတခုလည်း ဖြစ်ပါတယ်။ အိန္ဒိယရဲ့ ဇာတ်အခြေခံ ခွဲခြားဆက်ဆံမှုတွေကြောင့် မုန်တိုင်းတိုက်ခတ်စဉ်အတွင်း လူတွေကို ဘေးလွတ်တဲ့နေရာကို ဝင်ရောက်ဖို့ တားမြစ်တာတွေလည်း ရှိပါတယ်။

ရာသီဥတုအလိုက် လိုက်လျောညီထွေဖြစ်အောင် ရန်ပုံငွေထောက်ပံ့ခြင်း။

ဒီအားနည်းချက်‌တွေကို တွေ့ဆုံဆွေးနွေးမှုရဲ့ တစိတ်တပိုင်း ဖြစ်စေခြင်းဟာ ထိထိရောက်ရောက် အရေးယူဖို့အတွက် ပထမခြေလှမ်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာတဝန်း လိုက်လျောညီထွေဖြစ်အောင် ရန်ပုံငွေထောက်ပံ့မှုဟာ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးကို ဦးတည်တဲ့ ငွေရဲ့ တစိတ်တပိုင်းပဲ ရှိပါသေးတယ်။

အဲဒါက ပိုစိုးရိမ်ရတဲ့ ပြဿနာတခု ဖြစ်လာနေပါတယ်။ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ပိုမိုတိုးတက်လာတာကြောင့် သဘာဝဘေးဒဏ်ကြောင့် သေဆုံးမှုတွေ လျော့ကျသွားပေမဲ့ ရာသီဥတု ဖောက်ပြန်မှုတွေက အရင်အတွေ့အကြုံတွေထက် အဖြစ်အပျက်တွေကို ကောင်းကောင်း လှုံ့ဆော်ပေးတာကြောင့် ပိုမိုခက်ခဲလာစေပါတယ်။ တချို့တိုင်းတာမှုတွေဟာ စျေးကြီးပေမဲ့ ဘာမှမလုပ်တာထက်စာရင် ကုန်ကျစရိတ် ပိုမိုလျော့နည်းသွားနိုင်ပါတယ်။

ပြင်းထန်တဲ့ဖြစ်ရပ်မျိုး ကြုံရချိန်မှာ လစ်ဗျားက ရေကာတာပေါက်ကွဲခြင်းကို မှန်ကန်တဲ့ ပြုပြင်ထိန်းသိမ်းမှုဟာ လုံးလုံးလျားလျား တားဆီးနိုင်တယ် ဆိုတာကိုတော့ ပြောရခက်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့ လုပ်ဆောင်ချက်ဟာ ခြိမ်းခြောက်မှုနဲ့ အားနည်းချက်တွေ ပြင်းထန်လာတာကြောင့် ဒါနာရဲ့လူတွေဟာ အခွင့်အလမ်းကို မကြုံတွေ့နိုင် ဖြစ်သွားတာက ထင်ရှားပါတယ်။

ဒါကြောင့် နောက်တကြိမ် သဘာဝဘေးအန္တရာယ် ကြုံလာတဲ့အခါ မမေ့ပါနဲ့။ ကမ္ဘာမြေကြီးပေါ်မှာလည်း လူသားတွေဟာ ဆိုးရွားတဲ့ အရာများစွာ လုပ်ခဲ့ပြီးပါပြီ။

ရေးသူ- လာရာဝီလီယမ်စ်

ဘာသာပြန်သူ - လီလီ

(စင်ကာပူအခြေစိုက် Channel News Asia သတင်းဌာနမှာ ဆောင်းပါးရှင် Lara Williams ရေးသားထားတဲ့  “Natural disasters are becoming man-made catastrophes” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024