ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်က လူတန်လေဆိပ်ရဲ့ ယာဉ်ရပ်နားစခန်းမှာ အောက်တိုဘာ ၁၀ ရက် နှောင်းပိုင်းက ကားတစီး စတင်မီးလောင်ရာက ယာဉ်ရပ်နားစခန်းပါ မီးလောင်ခဲ့လို့ လေယာဉ်ခရီးစဉ်အားလုံးကို ရပ်ဆိုင်းခဲ့ရပါတယ်။
ဗီဒီယိုမှတ်တမ်းတွေအရ မီးလောင်တဲ့နေရာမှာ အရေးပေါ်ဌာနက အဖွဲ့တွေ ရှိနေခဲ့ပါတယ်။ ယာဉ်ရပ်နားဆောင် အမှတ် ၂ မီးလောင်မှုကို အရေးပေါ်ဌာနက တုံ့ပြန်နေရလို့ လေယာဉ်ခရီးစဉ်အားလုံးကို ခဏဆိုင်းငံ့ထားပါတယ်လို့ လေဆိပ်က လူမှုကွန်ရက်မီဒီယာ X ကနေ ပြောခဲ့ပါတယ်။
လေကြောင်းခရီးစဉ်တွေကို အောက်တိုဘာ ၁၁ ရက် မွန်းလွဲပိုင်း မတိုင်ခင်ထိ ဆိုင်းငံ့ထားမယ်လို့ လေဆိပ်က ပြောခဲ့ပါတယ်။
Source/Photo-Reuters