ချဲလ်ဆီးတိုက်စစ်မှူး နီကိုလပ်စ်ဂျက်ဆင်ဟာ ဒဏ်ရာခွဲစိတ်ကုသဖို့အတွက် ဆီနီဂေါအသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။
အသက် ၂၂ နှစ်ရှိ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ဘရိုက်တန်နဲ့ လိဂ်ဖလားပွဲစဉ်မှာ လက်ကောက်ဝတ်နေရာမှာ အကာအကွယ်စည်းနှောင်ပြီး ကစားခဲ့တာပါ။
ဒဏ်ရာအခြေအနေကို လူသိရှင်ကြား ထုတ်ဖော်ပြောတာမျိုး မရှိခဲ့ပေမဲ့ အသေးစား ခွဲစိတ်ကုသဖို့ လိုအပ်တာကြောင့် နိုင်ငံတကာပွဲစဉ်တွေ ရက်သတ္တပတ်မှာ အပြီးသတ် လုပ်ဆောင်ဖို့ စီစဉ်ခဲ့တာပါ။
ဂျက်ဆင်အနေနဲ့ နိုင်ငံတကာပွဲစဉ်တွေအပြီး အောက်တိုဘာ ၂၁ ရက်မှာ ကစားရမယ့် အာဆင်နယ်နဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Photo-Reuters