ဘရာဇီး ဘောလုံးကြယ်ပွင့် နေမာဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတဲ့ ဘရာဇီးအသင်းနဲ့ ပူးပေါင်းဖို့အတွက် ကူရာဘာမြို့ကို အောက်တိုဘာ ၁၀ ရက် ပြန်ရောက်ရှိလာပါတယ်။
ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်း တိုက်စစ်မှူး နေမာဟာ နိုင်ငံအသင်းနဲ့ ပြန်လည်ပူးပေါင်းရတာကို ပျော်ရွှင်ကြောင်းနဲ့ လာမယ့်ခြေစစ်ပွဲစဉ်တွေအတွက်လည်း မျှော်လင့်ချက် ကြီးကြီးမားမား ရှိထားတယ်လို့ ပြောဆိုခဲ့ပါတယ်။
ရမှတ် ၆ မှတ်နဲ့ တောင်အမေရိကခြေစစ်ပွဲမှာ ဦးဆောင်နေတဲ့ ဘရာဇီးလ်အသင်းဟာ အောက်တိုဘာ ၁၂ ရက်မှာ ကူရာဘာမြို့ရှိ အားကစားရုံမှာ ဗင်နီဇွဲလားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ လာမယ့် အောက်တိုဘာ ၁၇ ရက် မှာတော့ ဥရုဂွေးအသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံ ၅ ကြိမ်ရထားတဲ့ ဘရာဇီးအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ပထမခြေစစ်ပွဲ ၂ ပွဲ အနိုင်ရရှိထားပါတယ်။
Photo-Reuters