Home
မြန်မာသတင်း
ပြင်ဦးလွင်မြို့ရှောင်လမ်းက နေအိမ် ၁၅၀ ကျော်ကို စစ်တပ်က ဖယ်ခိုင်း
DVB
·
October 10, 2023

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှောင်လမ်းက ဗြုန်းကျင်းခေါ် အင်ကြင်းတောင်ရွာက နေအိမ် ၁၅၀ ကျော်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၀ ရက် နောက်ဆုံးထားပြီး ဖယ်ခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်ကြင်းတောင်ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၅ ရက်ကစတင်ပြီး ဖယ်ခိုင်းထားတာကြောင့် ကျေးရွာနေထိုင်သူတွေက ကိုယ့်ဘာသာဖျက်ပြီး ဖယ်ပေးခဲ့ရတယ်လို့ ကျေးရွာနေ ဒေသခံတဦးက ဆိုပါတယ်။

“စစ်သားတွေက လက်နက်အပြည့်အစုံနဲ့လာပြီး ဖယ်ခိုင်းတာ၊ မဖယ်ရင် ဘူဒိုဇာနဲ့ လာဖြိုမယ်ဆိုလို့ ကိုယ့်ဘာသာဖျက်ပြီး ဖယ်နေရတာ။ ရာသီဥတုကလည်း မိုးရွာတယ်၊ မိုးထဲရေထဲ ဖျက်ဖယ်ရတာ။”

ဖျက်လိုက်ရတဲ့နေအိမ်တွေကို အဟောင်းဆိုင်တွေက တအိမ် ၂ သိန်းကနေ ၄ သိန်းအထိ ပေးဝယ်နေပြီး ဖယ်ပေးလိုက်ရသူတွေကတော့ ဖြစ်သလို မိုးရေထဲနေနေရတယ်လို့ သိရပါတယ်။

အင်ကြင်းတောင်ရွာက နေအိမ် ၁၅၀ ကျော် ဖယ်ပေးခဲ့ရပြီး လူဦးရေ ၈၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ဘာကြောင့်ဖယ်ခိုင်းတယ်ဆိုတာကို သေချာမသိသလို အဆင့်မြင့် ကော်ဖီခြံ စိုက်ပျိုးဖို့လို့ ပြောနေကြပေမဲ့ အတည်မပြုနိုင်သေးပါဘူး။

ပြင်ဦးလွင်မြို့က စစ်ကောင်စီတပ်ရဲ့ စစ်ဗိုလ်လောင်းတွေရဲ့ စစ်တက္ကသိုလ်ရှိရာမြို့ဖြစ်ပြီး စစ်တပ်က ဖယ်ရှားခိုင်းတဲ့ ရပ်ကွက်ပေါင်း ၄ ရပ်ကွက်ထက်မနည်း ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024