Home
နိုင်ငံတကာ
အိန္ဒိယက အသက် ၉၀ ကျော်အရွယ် မူလတန်းကျောင်းသူ
DVB
·
October 10, 2023

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်က အသက် ၉၂ နှစ်အရွယ် အဘွားအိုတယောက်ဟာ  အသက် ၇ နှစ်အရွယ် ကျောင်းသားအတန်းဖော်တွေနဲ့အတူ ကျောင်းမှာ ပညာသင်ကြားရင်း အသက်အရွယ်အတားအဆီးတွေကို အံတုနေတာ တွေ့ရပါတယ်။ 

ခန်းအန်တီလို့ လူတွေခေါ်ကြတဲ့ လူသိများတဲ့  ခန်းချာချီ တဖြစ်လဲ ဆာလီမန်ဟာ  နောင်ဘဝမှာ စာရေးတတ်ဖတ်တတ်ဖို့ စိတ်အားထက်ထက်ထက်သန်သန်နဲ့  လူအများကို လှုံ့ဆော်ပေးနေ ပါတယ်။

ဆရာမ ဒေါက်တာ ပရာတီဘာရှာမာက “အဘွားက အသက် ၉၂ နှစ်မှာတောင် စာကျက်ဖို့ စိတ်အားထက်သန်တယ်။ သူ့ဘာသာသူလာပြီး သင်ပေးခိုင်းတယ်။ ကျောင်းသားတွေနဲ့ထိုင်၊ ရေတွက်တယ်၊ ကျောင်းသားတွေ ဘာပဲပြောပြော မှတ်မိတယ်။ အက္ခရာကို ကောင်းကောင်းကြီး အသံထွက်တယ်။ အဘွားကို မြင်ပြီးရင် ကလေးတွေက စိတ်ဓာတ်တက်ကြွတယ်။ အဘွားကျောင်းပျက်ရင်တောင် သူတို့က နေ့တိုင်းလာဖို့ ပြောခိုင်းတယ်”လို့ ပြောပါတယ်။

စာဖတ်ရတာ ဝါသနာပါပြီး အခုဆို အရာရာတိုင်းကို ရေတွက်နိုင်ပြီလို့ အသက် ၉၂ နှစ်အရွယ်ရှိ အဘွား ဆာလီမန်က ပညာရေးကို စိတ်ဝင်စားနေတဲ့ သူ့အကြောင်းတွေကို မေးမြန်းရာမှာ ဖြေကြားခဲ့ပါတယ်။

အသက် ၉၀ အရွယ် ကျောင်းသူ ဆာလီမန်က "ဆရာနဲ့စာဖတ်ရတာ ကြိုက်တယ်။ ကျောင်းတက်လိုက်တာနဲ့ ခုဆို ငွေစက္ကူတွေ ရေတွက်လို့ရတယ်။ အကုန်လုံးရေတွက်လို့ရတယ် ဆရာမက အကုန်ပြောပြတယ်၊ ဆရာမနဲ့ စကားပြောရတာ အရမ်းကြိုက်တယ်”လို့ အားတက်သရော ပြောပါတယ်။

ဆာလီမန်ဟာ ကျောင်းကို နေ့တိုင်းသွားပြီး  တခြားကျောင်းသားတွေနဲ့ အတူထိုင်ကာ ဆရာနဲ့ သင်ကြား စကားပြောရတာကို နှစ်သက်တယ်လို့လည်း ပြောပါတယ်။

ဆရာဖြစ်သူ ဒေါက်တာ ပရာတီဘာရှာမာက ဆာလီမန်ကတော့ အသက်ဟာ ကိန်းဂဏန်းတစ်ခု သာဖြစ်ကြောင်း အသက် ၉၂ နှစ်အရွယ် ဆာလီမန်ကို သက်သေအထောက်အထားတစ်ခုအဖြစ် ကိုးကား ပြောကြားခဲ့ပါတယ်။

Source- Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024