ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ အောက်တိုဘာ ၉ ရက် ညပိုင်းက မိုးသည်းသည်းထန်ထန်ရွာပြီး တောင်ကျရေဆင်းလာလို့ မြို့ပေါ်ရပ်ကွက်တချို့မှာ ရေကြီးရေလျှံခဲ့ပါတယ်။
ည ၈ နာရီလောက်မှာ မြို့ပေါ်ရပ်ကွက်တချို့ဖြစ်တဲ့ ရပ်ကွက် ၆၊ ၇၊ ၈ နဲ့ ၁၂ ရပ်ကွက်တို့မှာ ရေလျှံပြီး လမ်းတွေ နစ်မြုပ် အိမ်တွေထဲကို ရေဝင်ခဲ့တာပါ။ ဒေသခံပရဟိတအသင်းတွေက အိမ်တွေထဲ ရေမဝင်နိုင်အောင်ပိတ်ဆို့ပေးတာတွေပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်ကလည်း တောင်ကျရေကြောင့် လားရှိုးမှာ ရေလျှံခဲ့သေးပြီး အုတ်တံတိုင်းပြိုကျလို့ လူတယောက်သေဆုံးခဲ့ပါတယ်။
ဓာတ်ပုံ - လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့