ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
တာ့ခ်ခရိုင် လူဝင်ကြီးကြပ်ရေးအရာရှိတွေက မဲဆောက်မြို့၊ ဘန်ဟွေဟေဖန် စစ်ဆေးရေးဂိတ်မှာ တရားမဝင်နိုင်ငံခြားသားတွေကို စစ်ဆေးနေစဉ် အောက်တိုဘာ ၇ ရက်မနက် ၆ နာရီအချိန်မှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတဦးကိုဖမ်းဆီးရမိခဲ့သလို ၆ နာရီခွဲမှာလည်း နောက်ထပ်တဦး ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
အောက်တိုဘာ ၈ ရက် မနက် ၆နာရီခွဲမှာလည်း ဘန်ဟွေဟေဖန်စစ်စေးရေးဂိတ်မှာ တရားဝင်အထောက်အထားစာရွက်စာတမ်းမပါရှိတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၄ ဦးစလုံးဟာ တရားမဝင်ဝင်ရောက်ကြောင်း ဝန်ခံခဲ့လို့ ပုဒ်မ ၂၂ အရ အရေးယူဆောင်ရွက်သွားဖို့ တာ့ခ်ခရိုင်ရှိလူဝင်ကြီးကြပ်ရေးရုံးမှာ စစ်ဆေးနေတယ်လို့ တာ့ခ်ခရိုင်လူဝင်ကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးသွားမယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက စက်တင်ဘာလမှာ ကြေညာခဲ့ပြိီးနောက် တလအတွင်း မြန်မာနိုင်ငံသား အယောက် ၆၀ နီးပါးဖမ်းဆီးခံခဲ့ရပါတယ်။
Photo-Tak Immigration