Home
အားကစား
ဒုံးကျည်ရန်ကြောင့် အစ္စရေးကလပ် တဲအဗစ်နည်းပြရော်ဘီကိန်း ဂရိနိုင်ငံဆီ ရှောင်တိမ်း
DVB
·
October 9, 2023

အစ္စရေးကလပ်မက္ကာဘီတဲအဗစ်နည်းပြ ရော်ဘီကိန်းဟာ ဒုံးကျည်ရန်ကြောင့် ဂရိနိုင်ငံဆီ အရေးပေါ် ရှောင်တိမ်းခဲ့ရတယ်လို့ သိရပါတယ်။

အိုင်ယာလန်နည်းပြ ရော်ဘီကိန်းဟာ မက္ကာဘီတဲအဗစ်အသင်းကို ပြီးခဲ့တဲ့ဇွန်လက စတင်တာဝန်ယူခဲ့တာပါ။

နည်းပြချုပ် ရော်ဘီကိန်းနဲ့အတူ လက်ထောက်နည်းပြ ဒီလပ်လည်းပါဝင်ပြီး ဂရိနိုင်ငံဆီ ထွက်ပြေးခိုလှုံခဲ့ရတာပါ။

မက္ကာဘီတဲအဗစ်အသင်းဘက်ကတော့ ကစားသမားတွေအနေနဲ့ လုံခြုံရေးတာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့၊ လုံခြုံစိတ်ချစွာနေဖို့နဲ့ အတူတကွအောင်ပွဲရယူကြမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ရော်ဘီကိန်းရဲ့ဇနီးဖြစ်သူကတော့ အားလုံးဘေးကင်းကြပါစေကြောင်းနဲ့ ဆုတောင်းပေးနေကြောင်း အသင်းရဲ့ ထုတ်ပြန်ချက်ကို ဝေမျှပြီး အင်စတာရမ်မှာ ရေးသားခဲ့ပါတယ်။

ကိန်းဟာတဲအဗစ်နဲ့ ၅ ပွဲမှာ ၄ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ်နဲ့ အစ္စရေးပရီးမီးယားလိဂ်အဆင့်တစ်မှာ ရပ်တည်အောင်စွမ်းဆောင်ထားတာပါ။

ပါလက်စတိုင်းနဲ့ စစ်ဖြစ်ပွားနေမှုကြောင့် အစ္စရေးလိဂ်ပွဲစဉ်တွေကိုလည်း ရပ်နားထားရပါတယ်။

Photo-Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024