Home
အားကစား
အာရှဖူဆယ်ခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲ၌  မြန်မာက  ပါလက်စတိုင်းကို ၂  ဂိုး ၁ ဂိုးဖြင့် အနိုင်ရ
DVB
·
October 8, 2023

၂၀၂၄ အာရှဖလားဖူဆယ်ခြေစစ်ပွဲ အုပ်စု င အဖွင့်ပွဲကို ကာဂျစ္စတန်နိုင်ငံမှာ အောက်တိုဘာ ၇ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာလက်ရွေးစင်ဖူဆယ်အသင်းက ပါလက်စတိုင်းဖူဆယ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာလက်ရွေးစင်ဖူဆယ်အသင်းဟာ ပထမပိုင်းမှာ ပါလက်စတိုင်းရဲ့ ဦးဆောင်မှုကို ခံနေရပေမဲ့ ဒုတိယပိုင်းမှာ ကျောနံပါတ် ၇ ငြိမ်းမင်းစိုးရဲ့ချေပဂိုးနဲ့ ကျောနံပါတ် ၁ ဂိုးသမား ညီညီသန့်တို့ရဲ့ အနိုင်သွင်းဂိုး ကြောင့် ပြန်လည် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မြန်မာလက်ရွေးစင်ဖူဆယ်နည်းပြ ဘန်လက်ချာရွန်ဝေါင်က ပွဲအပြီးမှာ "ပထမပိုင်း ကစားသမားတွေမှာ စိတ်လှုပ်ရှားမှု အနည်းငယ်ရှိခဲ့လို့ ကစားကွက်အတိုင်း သေချာမကစားနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမစခင်မှာ ကျနော့်အနေနဲ့ နည်းစနစ်ကို အနည်းငယ် အပြောင်းအလဲလုပ်ပြီး ကစားသမားတွေကလည်း နည်းစနစ်အတိုင်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲအတွက် ကစားသမားတွေရော အသင်းနဲ့ ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေရော၊ ပရိသတ်တွေကိုပါ ကျေးဇူးတင်ပါတယ်” ပြောပါတယ်။

အုပ်စုတွင်း အခြားပွဲစဉ်မှာ အိမ်ရှင်တာဂျစ္စတန်ဖူဆယ်အသင်းက အိန္ဒိယဖူဆယ်အသင်းကို ၆ ဂိုး ၃ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းဟာ အုပ်စုဒုတိယမြောက်ပွဲစဉ်အဖြစ် အိန္ဒိယဖူဆယ်အသင်းနဲ့ အောက်တိုဘာ ၉ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ မှာ ယှဉ်ပြိုင်ကစားသွားပါမယ်။

Photo.MFF

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024