Home
မြန်မာသတင်း
မောင်တောတွင် မူးယစ်ဆေးသုံးစွဲစကားများရာက ညီအကို ၂ ဦး အသတ်ခံရ
DVB
·
October 8, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၊ ကမ်းဘဲကျေးရွာမှာ မူးယစ်ဆေးသုံးစွဲပြီး စကားများရာကနေ အောက်တိုဘာ ၇ ရက် မနက်ပိုင်းက ညီအကို ၂ ယောက် သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျေးရွာတာဝန်ခံတယောက်က “သူတို့ ၃ ဦးက စကားများ ရန်ဖြစ်ထားကြတယ်လို့ သိရတယ်ဗျ။ သတ်တဲ့လူကလည်း စိတ်ကြွဆေး အလွန်အကျွံ သုံးစွဲထားတာကို စစ်ဆေးတွေ့ရှိရတယ်။ ညီအကို ၂ ဦးလုံးကို သတ်လိုက်တာ။ တရားခံကိုဖမ်းမိပါတယ်။ ပြင်ဖြူ နယ်မြေစခန်းမှာ ဖမ်းဆီးထားပြီး အမှုဖွင့်ထားပါတယ်” လို့ ပြောပါတယ်။

ရွှေဇာကျေးရွာအုပ်စုဟာ မောင်တောင်မြို့မြောက်ဘက်မှာရှိပြီး ကျေးရွာပေါင်း ၁၂ ရွာ ပါဝင်ပါတယ်။

သတ်ဖြတ်သူဟာ တရွာတည်းနေထိုင်သူ အသက် ၂၀ အရွယ် အာဘူဆူဒီဖြစ်ပြီး သတ်ဖြတ်ခံခဲ့ရသူ ညီအကို ၂ ယောက်ကတော့ အသက် ၂၅ နှစ်အရွယ်  မာမောက်တာယောက်နဲ့ သူ့ရဲ့အကို အသက် ၃၀ အရွယ် ကော်ဘီရာမော်တို့ ဖြစ်တယ်လို့  ကျေးရွာတာဝန်ခံတွေက ပြောပါတယ်။

သူတို့ ၃ ယောက်ဟာ အောက်တိုဘာ ၆ ရက်နေ့က မူးယစ်ဆေးသုံးစွဲတုန်း စကားများရန်ဖြစ်ခဲ့ကြပြီး အောင်တိုဘာ ၇ ရက်မနက် ၉ နာရီကျော်မှာ ညီဖြစ်သူက ရွာထွက်ဝသစ်ပင်ရင်းမှာ အိပ်ပျော်နေတုန်း လာရောက်သတ်ဖြတ်ခံရတာဖြစ်ပြီး အစ်ကိုဖြစ်သူကတော့ ငါးရှာရာက ပြန်လာချိန် ညီဖြစ်သူကို သတ်ဖြတ်နေတာကိုတွေ့လို့ ဝင်ရောက်ကယ်တင်ရာကနေ သတ်ခံရတာလို့ တွေ့ရှိပြီးဝင်ရောက်ကယ်တင်ရာမှ အကိုဖြစ်သူပါအသတ်ခံခဲ့ရတာလို မျက်မြင်ဒေသခ့တွေက ပြောပါတယ်။

ဒေသခံတယောက်က “အသတ်ခံရတဲ့  ညီအကိုနှစ်ဦးနဲ့ သူတို့ကို သတ်တဲ့လူက မူးယစ်ဆေးသုံးစွဲပြီး စကားများရန်ဖြစ်ထားကြတာ။ မနက်ကျတော့ လူသတ်တရားခံက စိတ်ကြွဆေးတွေ အလွန်အကျွံသုံးစွဲပြီး ရွာထိပ်က သစ်ပင်အောက်မှာအိပ်နေတဲ့ ညီဖြစ်သူကို ဓားနဲ့ခုတ် သတ်ဖြတ်နေတာမြင်တော့ ငါးရှာပြီး ပြန်လာတဲ့ အစ်ကိုက ညီဖြစ်သူ သတ်ဖြတ်ခံနေရတာကို ဝင်ရောက်တားဆီးတာ။ သူပါ ဓားခုတ် အသတ်ခံလိုက်ရတာ” လို့ ပြောပါတယ်။

လက်ရှိ ရခိုင်ဒေသမှာ စိတ်ကြွရူးသွပ်ဆေးပြားတွေသုံးစွဲပြီး လူသတ်မှု၊ ပစ်ခတ်မူ၊ မုဒိမ်းမှုတွေ ဆက်တိုက်ဖြစ်နေပေမဲ့ ရခိုင်မှာ အုပ်ချုပ်နေတဲ့ စစ်ကောင်စီရော ULA/AA ကပါ မူးယစ်ဆေးကို မျက်ကွယ်ပြုထားသလိုဖြစ်နေတယ်လို့  ရခိုင် စစ်ရေး၊ နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024