ကိုလံဘီယာရေတပ်ဟာ အောက်တိုဘာ ၄ ရက်က ဗဟိုအမေရိကကို ဦးတည်နေတဲ့ ကိုလံဘီယာနိုင်ငံ ဆန်အန်ဒရေးစ်ကျွန်းက လှေတစီးပေါ်မှာ အရွယ်မရောက်သေးသူ ၃ ဦး အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၂၃ ဦးကို ကြားဖြတ် ဖမ်းဆီးခဲ့ပါတယ်။
လှေဟာ အနိမ့်ဆုံး တရားဝင် လုံခြုံရေးအခြေအနေတွေနဲ့ မကိုက်ညီနေကြောင်း ရေတပ်က အကြောင်းကြားပါတယ်။
တပ်ဖွဲ့တွေရဲ့ ဗိုလ်မှူးဖြစ်တဲ့ ကပ္ပတိန် ကားလော့စ်ဆိုလာနိုက“ကိုလံဘီယာရေတပ်ဟာ ဆန်အန်ဒရေးစ်ကျွန်းနဲ့ ပရိုဗီဒန်ရှာကျွန်း သီးခြားကွန်မန်ဒိုတပ်ဖွဲ့နဲ့ ကိုလံဘီယာ လေပိုင်နက်တပ်ဖွဲ့တို့ရဲ့ အကူအညီနဲ့ ဗင်နီဇွဲလား ၁၅ ဦး၊ တရုတ် ၆ ဦး၊ အာဂျင်တီးနားတဦးနဲ့ ကိုလံဘီယာခရီးသည်တဦးတို့ လိုက်ပါလာတဲ့ လှေတစင်းကို ကာရေဘီယံ ပင်လယ်ရှိ ဆန်အန်ဒရေးစ်ကျွန်းရဲ့ တောင်ဘက်မှာ တွေ့ရှိခဲ့တာဖြစ်တယ်”လို့ ပြောပါတယ်။
ကယ်ဆယ်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ကိုလံဘီယာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အာဏာပိုင်တွေ လွှဲပြောင်းပေးခဲ့ပြီး အရွယ်မရောက်သေးသူ ၃ ဦး တို့ကိုတော့ နို့စို့အရွယ်နဲ့ ဆယ်ကျော်သက်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ ထိန်းသိမ်းမှုအောက်မှာ ထားရှိဖို့ အာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
သင်္ဘောကပ္ပတိန်နဲ့ တခြားသင်္ဘောသား တဦးတို့ကို ဖမ်းဆီးပြီး အစိုးရရှေ့နေရုံးကို လွှဲပြောင်းပေးခဲ့ပါတယ်။
သင်္ဘောကပ္ပတိန်နဲ့ သင်္ဘောသားတို့ဟာ ဆန်အန်ဒရေးစ်ကျွန်းနဲ့ ပရိုဗီဒန်ရှာကျွန်းက ဖြစ်ကြပါတယ်။
Source/Photo-Reuters