ကွင်းလယ်လူတွန်မီနေးဟာ မန်ယူနိုက်တက်အသင်းအတွက်အမြဲတမ်း တိုက်ပွဲဝင်ပေးသူဖြစ်ပြီး အသက်တောင်ပေးမယ့်သူဖြစ်ကြောင်း နည်းပြအဲရစ်တန်ဟတ်ဂ်က ချီးကျူးသွားပါတယ်။
တွန်မီနေးဟာ မနေ့ညက ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ ပွဲချိန် ၈၇ မိနစ်မှာ လူစားဝင်လာပြီး နာကျင်အချိန်ပို ၉၂ မိနစ်နဲ့ ၉၇ မိနစ်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။
တွန်မီနေးဟာ အသင်းရဲ့အမှတ်တံဆိပ်နဲ့ ဂျာစီအတွက် အမြဲတမ်း တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ကစားသူဖြစ်ပြီး အသင်းအတွက်ဆို အသက်တောင်ပေးမယ့်သူဖြစ်ကြောင်း ပွဲအပြီးမှာ တန်ဟတ်ဂ်ကချီးကျူးခဲ့တာပါ။
နည်းပြတန်ဟတ်ဂ်က “စကော့က မှန်ကန်တဲ့ ခံယူချက်နဲ့အတူ စွမ်းအားအပြည့်နဲ့ ကွင်းထဲကိုဝင်လာခဲ့တယ်။ သူဟာ ဂိုးသွင်းယူဖို့ စိတ်ပိုင်းဖြတ်ထားပြီး ကံကြမ္မာကောင်းတစ်ခု ပြုလုပ်ခဲ့တယ်။ သူက မန်ချက်စတာယူနိုက်တက်ဖြစ်ပြီး အသင်းအမှတ်တံဆိပ်၊ ဂျာစီနဲ့ အသင်းအတွက် အမြဲတမ်းတိုက်ပွဲဝင်တယ်။ အသင်းအတွက် အသက်တောင် ပေးဝံ့သူဖြစ်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အသင်းသားတွေအားလုံးရဲ့ အရှုံးမပေးတဲ့စိတ်ဓာတ်က အဆုံးသတ်မှာ ထိုက်တန်တဲ့ဆုလာဘ်တစ်ခု ပြန်လည်ရရှိခဲ့တာဖြစ်ကြောင်း တန်ဟတ်ဂ်က ပြောသွားခဲ့ပါတယ်။
Photo-Reuters