အမေရိကန်မေဂျာလိဂ် အကောင်းဆုံးကစားမားဆု ဆန်ခါတင်စာရင်းမှာ အင်တာမိုင်ယာမီ တိုက်စစ်မှူး မက်ဆီ ပါဝင်လာပါတယ်။
မက်ဆီဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ ပွဲစဉ် သုံးသာပွဲထွက်ကစားခဲ့ပြီး စုစုပေါင်း ၄ ပွဲသာ ကစားခဲ့ရပေမဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် အယောက် ၃၀ စာရင်းမှာ ပါဝင်လာခဲ့တာပါ။
ဒါ့အပြင် အခုနှစ်မှ ပြောင်းရွှေ့လာတဲ့ မျက်နှာသစ် ကစာသမားတွေထဲက ရွေးချယ်မယ့် အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် ၂၇ ဦး စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။
မက်ဆီဟာ မေဂျာလိဂ်ရှုံးထွက်ဖလားမှာတော့ စုစုပေါင်း ၇ ပွဲကစားပြီး ၁၀ ဂိုးသွင်းခဲ့လို့ ချန်ပီယံ ဆုဖလားရရှိအောင် ကူညီနိုင်ခဲ့ပါတယ်။
မက်ဆီနဲ့အတူ အသင်းဖော် ဘူးစကွက်စ်ဟာလည်း ဆန်ခါတင် ၂၇ ဦးစာရင်းမှာပါဝင်ခဲ့ပါတယ်။
တခြားကစားသမားတွေကတော့ မေဂျာလိဂ်ပွဲစဉ် ၃၂ ပွဲအထိ ကစားထားသူတွေဖြစ်ပြီး မက်ဆီကို ဆန်ခါတင်စာရင်းမှာ ထည့်သွင်းခဲ့တာက ထိုက်တန်ရဲ့လားဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။
Photo-Reuters