Home
နိုင်ငံတကာ
ရွှေ့ပြောင်းနေထိုင်သူ ၆၅၀ ကျော်တင်လာသည့် သစ်သားလှေ ၅ စင်း စပိန်သို့ရောက်ရှိ
DVB
·
October 5, 2023

စပိန်နိုင်ငံ ကနေရီကျွန်းစုရဲ့ အနောက်ဘက်စွန်းရှိ အသေးငယ်ဆုံးကျွန်းလေး အယ်လ်ယဲရိုးကို ရွှေ့ပြောင်းနေထိုင်သူ ၆၈၄ ဦးကို တင်ဆောင်လာတဲ့ သစ်သားလှေ ၅ စင်း အောက်တိုဘာ ၄ ရက်မှာ ရောက်ရှိလာခဲ့ကြောင်း စပိန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

ရွှေ့ပြောင်းနေထိုင်သူ ၂၅၈ ဦးကို တင်ဆောင်လာတဲ့ လှေတစင်းကို ကမ်းခြေစောင့်သင်္ဘောက လာရက်စ်တင်ဂါ ဆိပ်ကမ်းကို ဆွဲခေါ်ခဲ့ပါတယ်။ 

အာဖရိကကနေ အန္တရာယ်များတဲ့ခရီးကို ထွက်လာကြအပြီး ရွှေ့ပြောင်းနေထိုင်သူ ၂၇၁ ဦးကို တင်ဆောင်လာတဲ့ သစ်သားလှေတစင်းကလည်း အဲဒီကျွန်းကိုပဲ အောက်တိုဘာ ၃ ရက်က ရောက်ရှိခဲ့တာပါ။

တခြားသူတွေက မြေထဲပင်လယ်ကိုဖြတ်ပြီး စပိန်ပြည်မကြီးကို ရောက်အောင် ကြိုးစားနေချိန်မှာ စပိန်ကျွန်းစုရဲ့ ကျွန်းပေါင်း ၇ ကျွန်းဟာ စပိန်နိုင်ငံကို ရောက်ရှိဖို့ ကြိုးပမ်းနေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အဓိကဦးတည်ရာ ဖြစ်လာခဲ့ပါတယ်။

စပိန်နိုင်ငံဟာ အခုနှစ်မှာ ဆီနီဂေါနဲ့ တခြားအာဖရိကနိုင်ငံတွေကနေ ကနေရီကျွန်းစုတွေကို ဖြတ်ကူးဖို့ ကြိုးပမ်းတဲ့ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် တိုးလာတာကို မြင်နေရပါတယ်။

ဇန်နဝါရီလမှ သြဂုတ်လအတွင်း ရွှေ့ပြောင်းနေထိုင်သူ ၂၁,၇၈၀ ဦးဟာ စပိန်ကို ရောက်ရှိလာခဲ့ပြီး ၂၀၂၂ ခုနှစ် အလားတူကာလထက် ၁၅ ရာခိုင်နှုန်းနီးပါး ပိုများခဲ့ကြောင်း တရားဝင်အချက်အလက်တွေအရ သိရပါတယ်။

စက်တင်ဘာလဟာ ရေပြင်ငြိမ်သက်တဲ့ကာလ ဖြစ်တာကြောင့် ကြိုးစားဖြတ်ကူးကြသမျှ အားလုံးအတွက် အလုပ်များဆုံးကာလလည်း ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024