Home
အားကစား
မွေးရပ်မြေကလပ် နယူးဝဲလ်အိုးဘွိုင်းတွင် မက်ဆီ ပြန်လည်ကစားမည်
DVB
·
October 5, 2023

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ၂၀၂၅ ခုနှစ်မှာ မွေးရပ်မြေကလပ် နယူးဝဲလ်အိုးဘွိုင်း အသင်းမှာ ပြန်လည်ကစားသွားမယ်လို့ သိရပါတယ်။

မက်ဆီဟာ လက်ရှိအချိန်မှာ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှာ ကစားနေပြီး ၂၀၂၅ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။

စပိန်သတင်းစာတွေရဲ့ ဖော်ပြချက်အရ မက်ဆီအနေနဲ့ မိုင်ယာမီနဲ့ စာချုပ်သက်တမ်း တိုးတော့မှာမဟုတ်ဘဲ မွေးရပ်မြေကလပ်ဆီပြန်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

မက်ဆီဟာ အသက် ၆ နှစ်က အာဂျင်တီးနားကလပ် နယူးဝဲလ်အိုးဘွိုင်းမှာ စတင်ကစားခဲ့တာပါ။

ကစားသမားဘဝ နေဝင်ချိန်မှာလည်း မွေးရပ်မြေကလပ်မှာကစားပြီး အနားယူဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

သူ့ရဲ့ နောက်ဆုံးအိပ်မက်က ငယ်စဉ်ဘဝမှာ ကစားခဲ့တဲ့ နယူးဝဲလ်အိုးဘွိုင်းအသင်းမှာ ကစားဖို့ဖြစ်ကြောင်း ၂၀၁၇ ခုနှစ်အတွင်းက မက်ဆီက ပြောခဲ့ဖူးပါတယ်။

မက်ဆီဟာ အခုနှစ် ဇွန်လကလည်း နယူးဝဲလ်အိုးဘွိုင်းအသင်းဆီ သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024