မန်ယူအသင်းမှာ ဖြေရှင်းဖို့လိုအပ်နေတဲ့ အဓိကပြဿနာတွေကို ဒေးလီးမေးလ်သတင်းစာက ဆောင်းပါးရှင် ခရစ္စဝီလ်လာက သုံးသပ်ရေးသားသွားပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အဆိုးရွားဆုံးအခြေအနေနဲ့ ကြုံတွေ့နေရတာဖြစ်ပြီး ရာသီအစ ၇ ပွဲမှာ ၄ ပွဲရှုံးနိမ့်ခဲ့တာပါ။
ချန်ပီယံလိဂ်မှာလည်း အုပ်စုပွဲစဉ်နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ရလဒ်ဆိုးရွားမှုတွေ ဖြစ်စေခဲ့တဲ့ အဓိက အကြောင်းအရင်း ၆ ချက်ကို ဒေးလီးလ်မေးသတင်းစာက ဖော်ပြခဲ့တာပါ။
နံပါတ်တစ်အချက်ကတော့ ဒဏ်ရာပြဿနာတွေဖြစ်ပြီး ရာသီကြိုကာလကနေ စတင်ပြီး လက်ရှိ အချိန်အထိ စုစုပေါင်း ၁၆ ဦးအထိ ဒဏ်ရာရရှိခဲ့ကြတာပါ။
အထူးသဖြင့် ခံစစ်ပိုင်းမှာ လုခ်ရှော၊ မာတီနက်ဇ်၊ ဝမ်ဘစ်ဆာကာ၊ မာလာစီယာနဲ့ ရက်ဂီလွန်တို့ ဒဏ်ရာရရှိနေပြီး ဗာရန်းပြန် ကစားနိုင်တာဟာလည်း မကြာသေးပါဘူး။
နောက်တစ်ချက်က တိုက်စစ်ပိုင်းဖြစ်ပြီး ၇ ပွဲမှာ ၇ ဂိုးပဲရရှိထားတဲ့ တိုက်စစ်ပိုင်းက ပရီးမီးယားလိဂ်မှာ အဆင့် ၁၂ မှာပဲ ရှိပါတယ်။
ဒါ့အပြင် ဂိုးသမားသစ် အိုနားနားရဲ့ မဖြစ်သင့်တဲ့ အမှားတွေကြောင့် ပေးဂိုးတွေ များနေခဲ့ရပြီး ရလဒ်ဆိုးရွားမှုတွေမှာ အဓိကကျခဲ့ပါတယ်။
စတုတ္ထအချက်က မလိုလားအပ်တဲ့ အနှောင့်အယှက်တွေဝင်ခဲ့တာပါ။ ဂျေဒန်ဆန်ချိုနဲ့ နည်းပြ ပြဿနာတက်ခဲ့လို့ လူစာရင်းကနေ ဖယ်ရှားခဲ့ရသလို အန်တိုနီရဲ့ အမှုအခင်းကိစ္စကလည်း အပါအဝင် ဖြစ်ပါတယ်။
နောက်တစ်ချက်က စိတ်ပိုင်းဆိုင်ရာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ ဦးဆောင်ဂိုးရရှိထားတဲ့တိုင် ချေပဂိုးတွေ မကြာခဏ ပေးခဲ့ရတာ ဖြစ်ပါတယ်။
နောက်ဆုံးအချက်က တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းကျဆင်းသွားတာပါ။ မနှစ်က ဂိုး ၃၀ အထိရရှိခဲ့ပေမဲ့ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းနဲ့ စာချုပ်သစ်ချုပ်ဆိုပြီးနောက်ပိုင်းမှာ ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းက နောက်ပြန်သွားသလိုဖြစ်ခဲ့ပြီး ကစားခဲ့ပြီးသမျှ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ သွင်းဂိုး ၁ ဂိုးသာ ရရှိခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters