Home
မြန်မာသတင်း
မြောက်ဒဂုံတွင် YBS နှင့် အိမ်စီးကား တိုက်မိပြီး ၁ ဦးသေ၊ ၆ ဦး ဒဏ်ရာရ
DVB
·
October 4, 2023

ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်၊ ပြည်ထောင်စုလမ်းမ၊ မဝတ လမ်းဆုံအနီးမှာ အောက်တိုဘာ ၄ ရက် မနက်အစောပိုင်းက YBS နဲ့ အိမ်စီးကားတိုက်မိပြီး ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းက ပြောပါတယ်။

ယာဉ်တိုက်မှုဟာ မနက်အစောပိုင်း ၂ နာရီခန့်က ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး CNG ဂက်စ်ဖြည့်ကာ လမ်းမအတိုင်းဖြတ်လာတဲ့ YBS 112 နဲ့ မီးပွိုင့်မှာ ကွေ့လာတဲ့ လူ ၇ ဦးပါ Chevrolet အိမ်စီးကားတို့ တိုက်မိကြတာ ဖြစ်ပါတယ်။

ရှင်သန်ရေးအသင်း တာဝန်ရှိသူက “ည ၂ နာရီဝန်းကျင်လောက်က ဖြစ်တာ၊ ချက်ဗလက်ယာဉ်မောင်းကတော့ သေသွားတယ်။ ‌PR-85 နဲ့ ဆေးရုံပို့ပေးထားပါတယ်။ ချက်ဗလက်က မီးပွိုင့်ကိုကွေ့လာတာ၊ YBS က တည့်တည့်ဖြတ်ရင်း တိုက်ကြတာ” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် YBS ကား ညာဘက်နဲ့ ရှေ့မှန်ကွဲ၊ Chevrolet ကား ခေါင်းခန်းကြေမွသွားပြီး မြောက်ဒဂုံမြို့နယ်နေထိုင်သူ Chevrolet ယာဉ်မောင်း အသက် ၃၇ နှစ်အရွယ် ကိုကျော်စွာသန်းမှာ ပွဲချင်းပြီး သေဆုံးသွားကာ ကားပေါ်ပါ အသက် ‌၃၀ အရွယ် အမျိုးသား ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

YBS 112 ဟာ တောင်ဒဂုံ ရိုးမရိပ်သာကနေ ဆူးလေ မြို့တော်ခန်းမအထိ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းဖြစ်ပြီး ယာဉ်တိုက်မှုမှာ YBS ယာဉ်မောင်း ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဆိုပါနေရာကို နွေးထွေးကူညီမှုအသင်း၊ မီးအိမ်ရှင် ကူညီရေးအသင်း၊ ဝန်းရံမှူး ကူညီရေးအသင်း၊ YRO ဒဂုံခရိုင်အဖွဲ့၊ ရှင်သန်ရေးကူညီမှုအသင်းတို့ရဲ့ လူနာတင်ယာဉ် ၆ စီးနဲ့ မြောက်ဥက္ကလာပဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024