ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတွက် လမ်းခင်းပေးတဲ့ mRNA နည်းပညာဆိုင်ရာ ဆောင်ရွက်ချက်တွေအတွက် သိပ္ပံပညာရှင်တွေဖြစ်တဲ့ ခါတာလင်ခါရိခိုနဲ့ ဒရူးဝိုက်ဇ်မဲန်းတို့ဟာ ၂၀၂၃ ခုနှစ်အတွက် ဆေးဘက်ဆိုင်ရာ နိုဘယ်လ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။
နိုဘယ်လ်ဆုရသူနှစ်ဦးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကြီးအကဲ တေဒရိုအက်ဒါနွန် ဂေဘရီယေးဆပ်က အောက်တိုဘာ ၂ ရက်မှာ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
WHO က ကိုဗစ်-၁၉ ကူးစက်ရောဂါအတွက် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုကို ပေါင်းစပ်ညှိနှိုင်းပေးရင်း ကာကွယ်ဆေးထိုးခြင်းနဲ့ ကုသခြင်းဆိုင်ရာ လမ်းညွှန်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
ဟန်ဂေရီသိပ္ပံပညာရှင် ခါရိခိုနဲ့ အမေရိကန်လုပ်ဖော်ကိုင်ဖက် ဝိုက်ဇ်မဲန်းတို့ဟာ ကိုဗစ်-၁၀ ကာကွယ်ဆေးအတွက် လမ်းခင်းပေးတဲ့ mRNA မော်လီကျူးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဆုရရှိသူနှစ်ဦးဟာ ၂၀၀၅ ခုနှစ်တုန်းက သက်ရှိဆဲလ်တွေ အားလုံးကို ထိန်းချုပ်တဲ့ နျူကလစ်ယပ် အက်ဆစ်ရဲ့ ဖွဲ့စည်းပုံအခြေခံကို ပူးတွဲတီထွင်ခဲ့ပြီး ဒီရလဒ်က ဓာတ်ခွဲခန်းလုပ် mRNA ကို ဆန့်ကျင်တဲ့ ရောင်ရမ်းတိုက်ခိုက်မှုမဖြစ်အောင် ခုခံအားစနစ်ကို ဟန့်တားရပ်တံ့ ပေးပါတယ်။
ဒါပေမဲ့ နည်းပညာကို ကုသရာမှာသုံးတဲ့ ဘယ်လို သုံးစွဲမှုကိုမဆို ဆန့်ကျင်တဲ့ အကြီးစား အကျပ်အတည်းအဖြစ် အရင်က ရှုမြင်ခဲ့ကြပါတယ်။
Pfizer PFE.N နဲ့ BioNTechတို့ ပူးပေါင်းဖန်တီးထားတဲ့ mRNA ကာကွယ်ဆေးထိုးဆေးကို ကမ္ဘာတဝန်း လူပေါင်း ၁ ဒသမ ၅ ဘီလီယံ လောက်က လက်ခံထိုးနှံခဲ့တယ်လို့ BioNTech က ဇွန်လမှာ ပြောပါတယ်။
ဒီ ကာကွယ်ဆေးဟာ အနောက်တိုင်းမှာ အသုံးအများဆုံး ထိုးဆေးလည်း ဖြစ်ပါတယ်။ သိပ္ပံပညာလောကမှာ ဂုဏ်သိက္ခာ အရှိဆုံးဖြစ်တဲ့ ဒီဆုကို ဆွီဒင်နိုင်ငံ ခယ်ရိုလင်စ်ခါ ဆေးတက္ကသိုလ်ရဲ့ နိုဘယ်လ်ညီလာခံက ရွေးချယ်ခဲ့ပြီး ဆုငွေ ဆွီဒင် ခရောင်းငွေ ၁၁ သန်းနဲ့ ညီမျှတဲ့ အမေရိကန် ဒေါ်လာ ၁ သန်း လောက်ကို ဆုရှင် နှစ်ယောက် မျှဝေ ခွဲယူရမှာ ဖြစ်ပါတယ်။
Source/Photo-Reuters