ဂါလာတာစာရေးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တောင်ပံတိုက်စစ်မှူး အန်တိုနီ ပြန်လည်ပါဝင်လာမယ်လို့ မန်ယူနည်းပြ အဲရစ်တန်ဟတ်ဂ်က အတည်ပြုသွားပါတယ်။
အန်တိုနီဟာ ရည်းစားဟောင်းဖြစ်သူရဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ တရားစွဲဆိုခံနေရလို့ မန်ယူအသင်းက လူစာရင်းကနေ ချန်လှပ်ထားခဲ့တာ ပါ။
လက်ရှိအချိန်မှာတော့ အမှုကိစ္စကို ပြေလည်အောင် လုပ်ဆောင်နိုင်ခဲ့တာကြောင့် မန်ယူအသင်းနဲ့ အတူလေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့တာပါ။
ခရစ္စတယ်ပဲလေ့နဲ့ပွဲစဉ်တုန်းက လေကျင့်ချိန်တစ်ချိန်ပဲရခဲ့တာကြောင့် အန်တိုနီ မပါဝင်နိုင်ခဲ့တာ ဖြစ်ပြီး ဂါလာတာစာရေးနဲ့ ပွဲမှာတော့ ပြန်လည်ပါဝင်လာမှာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
အန်တိုနီဟာ အခုနှစ်ရာသီမှာ မန်ယူအသင်းနဲ့ ၄ ပွဲကစားထားပြီး ဂိုးသွင်းယူနိုင်ခြင်းတော့မရှိသေးပါဘူး။
Photo-Reuters