စပိန်နိုင်ငံအရှေ့တောင်ပိုင်း မော်စီယာ ပညာရေးမြို့မှာ အောက်တိုဘာ ၁ ရက်က နိုက်ကလပ် မီးလောင်မှုဖြစ်ပြီး ၁၃ ယောက်ထက် မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေက ပြောပါတယ်။
အောက်တိုဘာ ၁ ရက်ရဲ့ အစောပိုင်းအချိန်ဖြစ်တဲ့ မနက် ၆ နာရီဝန်းကျင်မှာ တီယာတရာ အမည်ရ နိုက်ကလပ်အတွင်း မီးလောင်ခဲ့တာဖြစ်ပြီး မီးစတင်လောင်ကျရဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
မွေးနေ့ပွဲတွေ ကျင်းပနေချိန် မီးလောင်ခဲ့တာလို့ စပိန်မီဒီယာတွေက ဖော်ပြခဲ့ ပါတယ်။ မီးလောင်ပြီး အဆောက်အဦး ပြိုကျတာတွေကြောင့် သေဆုံး ပျောက်ဆုံးသူတွေကို ကယ်ဆယ်ရေးသမားတွေက ခက်ခက်ခဲခဲ ဆက်လက် ရှာဖွေနေကြဆဲပဲ ဖြစ်ပါတယ်။
မီးသတ်ဌာနရဲ့ အိတ်စ်လူမှုကွန်ရက် အကောင့်မှာလည်း တပ်ဖွဲ့ဝင်တွေက နိုက်ကလပ် အတွင်း မီးတောက်တွေအပေါ် ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေမှုကို ဗီဒီယိုနဲ့တကွ ပြသထားပါတယ်။
အဲ့ဒီဗီဒီယို မှတ်တမ်းထဲမှာ မီးလောင်ခဲ့တဲ့ ကလပ်ခေါင်မိုးရဲ့ တစိတ်တပိုင်း ပျက်စီးသွားတာကိုပါ တွေ့ရပါတယ်။ ဒါ့အပြင် မီးခိုးငွေ့ ရှုရှိုက်ခဲ့ရသူ ၄ ဦးကိုတော့ ဆေးရုံမှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။
Source/Photo-Reuters