Home
သတင်းဓာတ်ပုံ
နွေဦးတော်လှန်ရေးမှသည် ဖက်ဒရယ်အောင်ပွဲဆီသို့ (ဓာတ်ပုံ)
ဇော်ဇော်လှိုင်
·
October 1, 2023

နွေဦးတော်လှန်ရေးမှသည် ဖက်ဒရယ်အောင်ပွဲဆီသို့ ခေါင်းစဉ်နဲ့ တိုကျိုမြို့ Global Ring Theatre မှာ စက်တင်ဘာ ၃၀ ရက် နဲ့ အောက်တိုဘာ ၁ ရက်၊ ၂ ရက်တိုင်တိုင်ကျင်းပခဲ့ပြီး ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများသာမက ဂျပန်လူမျိုးတွေလည်း အများအပြား လာရောက်ပူးပေါင်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဖက်ဒရယ်ပွဲတော်ကို ညီညွတ်သော တိုင်းရင်းသားများအဖွဲ့ (ဂျပန်) နဲ့ ဂျပန်နိုင်ံငံက နွေဦးတော်လှန်ရေးအင်အားစုများ စုပေါင်းဦးဆောင်ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ အန်ယူဂျီ ဂျပန်ကိုယ်စားလှယ် စောဘလှသိန်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေး ဂျပန်အမတ်များအဖွဲ့ အတွင်းရေးမှူး မစ္စတာအီရှီဘရှီတို့က တက်ရောက်အမှာစကား ပြောကြားခဲ့ကြပါတယ်။

နွေဦးတော်လှန်ရေးမှသည် ဖက်ဒရယ်အောင်ပွဲဆီသို့ ခေါင်းစဉ်အတိုင်း ဖက်ဒရယ်ရဲ့အ နှစ်အရသာကိုပို မိုသိရှိသဘောပေါက်စေဖို့၊ တိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့ အစားအစာများကို ဂျပန်လူမျိုးများသိရှိစေဖို့နဲ့ တိုင်းရင်းသားအချင်းချင်း ပိုမိုချစ်ကြည်ရင်းနှီးကာ နွေဦးတော်လှန်ရေးကို အားလုံးပူးပေါင်းဆောင်ရွက် အနိုင်ရယူနိုင်ဖို့ ကျင်းပတာလို့လည်း ပွဲတော်ကျင်းပသူတွေက ဆိုပါတယ်။

ဒုတိယအကြိမ်မြောက် ဖက်ဒရယ်ပွဲတော်ကို အဓိကပံ့ပိုးပေးသူ အလှူရှင်တဦးဖြစ်တဲ့ ဂျပန်လူမျိုး ကားပြင်စက်ရုံ ပိုင်ရှင် မစ္စတာယစုဟီရို ယိုရှိဆဝက မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေး လက်အောက်က လွတ်မြောက်ရေးအတွက် ကြိုးစားနေတဲ့ PDF လူငယ်များအပါအဝင် အဘက်ဘက်က လှုပ်ရှားကြိုးပမ်းနေတဲ့ တော်လှန်ရေးလူငယ်တွေကို လေးစားဂုဏ်ယူကြောင်းနဲ့ နွေဦးတော်လှန်ရေးဟာ မုချအောင်မြင်မှာလို့ ယုံကြည်ကြောင်း တိုကျိုဖက်ဒရယ်ပွဲတော်မှာ တက်ရောက်အားပေးပြောကြားခဲ့ပါတယ်။

တိုကျိုဖက်ဒရယ်ပွဲတော်ကို တိုကျိုမြို့သာမက နဂိုယာ အိုဆာက ရှိဇုအုခမြို့တွေလည်း လာရောက်ပူးပေါင်းပါဝင်ခဲ့ကြပြီး နဂိုယာမြို့က လာရောက်ပူးပေါင်းခဲ့သူ မမီးမီးက မိမိတို့လူငယ်တွေအနေနဲ့ နွေဦးတော်လှန်ရေးမှာ ထောက်ပံ့ရေးအတွက် အလှူငွေကောက်ခံရေးသာမက အခုလိုပွဲတော်တွေမှာ လူငယ်တွေအနေနဲ့ မိမိတို့လူမျိုးတွေရဲ့ရိုးရာ ဓလေ့ထုံးစံတွေကို အနုပညာအရ နွေဦးတော်လှန်ရေးမှာ ပါဝင်ပူးပေါင်းနိုင်တယ်လို့ ဒီဗီဘီကို ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024