မန်ယူအသင်းအနေနဲ့ တိုက်စစ်ပိုင်းမှာ အဆုံးသတ်ပိုင်းအားနည်းချက်တွေကို ပြင်ဆင်သွားဖို့လိုအပ် ကြောင်း နည်းပြ တန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ခရစ္စတယ်ပဲ လေ့နဲ့ပွဲစဉ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပြီး ၁၉၈၉ ခုနှစ်နောက်ပိုင်း ရလဒ်အဆိုးဆုံးဘောလုံးရာသီဖြစ်ခဲ့ ပါတယ်။
ဂိုးသွင်းခွင့်တွေရရှိခဲ့ပေမဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေရှိနေပြီး အဲဒီအပိုင်းကို ပြင်ဆင်သွားဖို့လိုအပ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့တာပါ။
နည်းပြတန်ဟတ်ဂ်က “ ဂိုးမသွင်းနိုင်ခဲ့တာက စိတ်ပျက်စရာကောင်းပါတယ်။ ဂိုးရဖို့ နီးစပ်မှုတွေ အများကြီးရခဲ့ပေမဲ့ ကျနော်တို့ဘက်က ပါးနပ်မှုမရှိခဲ့ကြပါဘူး။ အဆုံးသတ်ပိုင်းနဲ့ ပတ်သက်လို့ ပိုကောင်းလာဖို့ လေ့ကျင့်သွားကြရမှာပါ” လို့ ပြောပါတယ်။
ဂိုးသွင်းခွင့် သုံးကြိမ်ပဲပေးခဲ့ရ တာကနေ တစ်ဂိုးပေးလိုက်ရတဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်ကိုလည်း နည်းပြတန်ဟတ်ဂ်က အပြစ်တင်သွားခဲ့ပါတယ်။
Photo-Reuters