Home
နိုင်ငံတကာ
အမေရိက စာရေးဆရာများအစည်းအရုံးဝင်များ တွေ့ဆုံ
DVB
·
September 30, 2023

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့မှာ အမေရိက စာရေးဆရာများအစည်းအရုံး WGA ရဲ့ အဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၂၇ ရက်က  ခေါင်းဆောင်ပိုင်းနဲ့ ညှိနှိုင်းရေးအဖွဲ့တို့ကို တွေ့ဆုံခဲ့တယ် လို့ သိရပါတယ်။ 

ဒါဟာ WGA သမဂ္ဂရဲ့ သပိတ်မှောက်မှု အဆုံးသတ်ခဲ့ပြီးနောက် သဘောတူစာချုပ်အပေါ် နောက်ဆုံး မဲခွဲဆုံးဖြတ်မှု မတိုင်ခင် အခိုက်အတန့်လည်း ဖြစ်ပါတယ်။ 

ဒီအခမ်းအနားရဲ့ အဆုံးသတ်ညနေပိုင်းမှာ သမဂ္ဂခေါင်းဆောင်ပိုင်းကို အဖွဲ့ဝင်တွေက ၅ မိနစ်ကြာ မတ်တပ်ရပ်ပြီး လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြပါတယ်။ 

ဒီတပတ်အစောပိုင်းတုန်းက ရုပ်ရှင်စတူဒီယိုကြီးတွေနဲ့ သမဂ္ဂကြားမှာ အကြိုသဘောတူညီမှုတစ်ခု ရရှိခဲ့တာ ကြောင့် ဖြစ်ပါတယ်။ 

ဒီနှစ်မတ်လ အစောပိုင်းမှာ ဟောလီးဝုဒ်ရဲ့ အဓိကစတူဒီယို ကြီးတွေနဲ့ အလုပ်ခန့်အပ်မှု ဆိုင်ရာ သဘောတူညီမှုအသစ် မရရှိခဲ့တာကြောင့် WGA ရဲ့ အဖွဲ့ဝင်ပေါင်း ၁၁,၅၀၀ နီးပါးက သပိတ်မှောက်ခဲ့ကြတာပါ။ 

နောက်ထပ် အနုပညာဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ SAG-AFTRA သရုပ်ဆောင်များ သမဂ္ဂက လည်း လာမယ့်အပတ်မှာ စတူဒီယိုကြီးတွေနဲ့  ပြန်လည်ဆွေးနွေးဖို့  စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024