အမေရိကန်နဲ့ မက္ကဆီကို နှစ်နိုင်ငံကြားက နယ်စပ်မြစ်ကို ရွှေ့ပြောင်းအခြေချသူတွေ ဖြတ်သန်းလာခဲ့ပြီးနောက် စက်တင်ဘာ ၂၈ ရက်မှာ ဘလိတ်ဓားသံဆူးကြိုးတွေအပါ် စောင်တွေခင်းကာ ဖြတ်ကျော်ခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ အမေရိကန်နိုင်ငံရဲ့ နယ်စပ်အရာရှိတွေက ရွှေ့ပြောင်းအခြေချသူတွေကို ကြားဖြတ် ဖမ်းဆီးလိုက်ပါတယ်။
ရွှေ့ပြောင်းအခြေချသူပေါင်း ၂,၀၀၀ လောက်ရှိတဲ့ အဖွဲ့တွေနဲ့အတူ အမေရိကန်နိုင်ငံထဲကို ဝင်ရောက်နိုင်ဖို့အတွက် ကြိုးပမ်းခဲ့ကြတာပါ။
ဒီလို အစုလိုက်အပြုံလိုက် ဝင်ရောက်လာမှုကို ထိန်းကြောင်းနိုင်ဖို့အတွက် နယ်ခြားစောင့်တပ်အနေနဲ့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေတယ်ဆိုပြီး တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းကလည်း နောက်ထပ် ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့နဲ့ ပတ်သက်ပြီး ရန်ပုံငွေရှာဖွေဖို့အတွက် အရေးပေါ် ကြေညာချက်တရပ်ကို တက္ကဆက်ပြည်နယ်ရဲ့ တာဝန်ရှိသူတွေက လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန် လူဝင်မှုကြီးကြပ်ရေး ငြင်းခုံမှုမှာ အီလွန်မတ်စ်ခ်ကလည်း တက္ကဆက်နဲ့ မက္ကဆီကိုအကြား နယ်စပ်နေရာကို သွားရောက်ပြီး ပါဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
မကြာသေးမီ လပိုင်းအတွင်း တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာမှုတွေ ကျဆင်းသွားခဲ့ပြီးနောက် အခုလို အမေရိကန်တောင်ပိုင်း နယ်စပ်တလျှောက်မှာ ရွှေ့ပြောင်းအခြေချသူတွေ သိသိသာသာ များပြားလာတာကြောင့် အလှည့်အပြောင်း ဖြစ်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Source/Photo-Reuters