Home
မြန်မာသတင်း
စစ်တပ် သတ်ဖြတ်မှုကြောင့် ကျဆုံးသူပေါင်း ၄၁၃၀ ကျော်၊ သေဒဏ်ချခံရသူ ၁၅၃ ဦး ထိရှိလာ
DVB
·
September 30, 2023

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၁၃၁ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၈၅၈ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၂၈၆ ယောက် လက်ရှိ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၃၉၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါ တယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၀ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၃ ယောက် ရှိလာ ခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၅၇၂ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီက ကောက်ယူထားတဲ့  သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ စက်တင် ဘာ ၁ ရက်ကနေ ဒီကနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု ထိန်းသိမ်းခံရပြီး နောက် သတ်ဖြတ်ခံရသူ အရေအတွက်မှာ ၂၀၂၁ ခုနှစ်မှာ ၃၂၄ ယောက်၊ ၂၀၂၂ ခုနှစ်မှာ ၆၄၉ ယောက်နဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီကနေ့အထိ အယောက် ၄၇၀ နဲ့ စုစု ပေါင်း ၁,၄၄၃ ယောက် ရှိပြီး စစ်ကိုင်းတိုင်းမှာ ၈၃၂ ယောက်နဲ့ သေဆုံးမှု အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်ည ၁၀ နာရီခွဲလောက်က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ န ဘူးအိုင်ကျေးရွာမှာ နေထိုင်တဲ့ စိုက်ပျိုးရေးဌာနမှ CDM ဝန်ထမ်းဖြစ်သူ ကိုသိန်းဆွေဦး (ခ) ကတုံးနဲ့ သူ့ရဲ့ဖခင်ဖြစ်သူ ဦးလှဖေတို့ကို အင်အား ၂၅ ယောက်လောက် ပါဝင်တဲ့ အ ကြမ်းဖက်စစ်အုပ်စုတပ်နှင့် ပျူစောထီးတွေက ဝင်ရောက်ရိုက်နှက်ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီနောက် စက်တင်ဘာ ၂၅ ရက်မနက် ၇ နာရီလောက် မှာတော့ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခံထားရတဲ့ သူတို့ရဲ့ ရုပ်အလောင်းတွေကို ပေါက် စိမ်းလမ်းခွဲမှာ တွေ့ခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024