မန်ယူအသင်းဟာ ဂျေဒန်ဆန်ချိုရဲ့နေရာအတွက် အီတလီ တိုက်စစ်ကစားသမား ခီယေဆာကို ပေါင် ၅၂ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။
ဆန်ချိုဟာ နည်းပြတန်ဟတ်ဂ်နဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် လူစာရင်းကနေ ချန်လှပ်ခံထားရပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ထွက်ခွာဖို့ရှိပါတယ်။
ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ရောင်းချအပြီးမှာ အီတလီကလပ် ဂျူဗင်တပ်တိုက်စစ် ကစားသမား ခီယေဆာကို ခေါ်ယူဖို့ ပြင်ဆင်ထားကြောင်း အီတလီမီဒီယာတစ်ခုက ဖော်ပြခဲ့တာပါ။
အသက် ၂၅ နှစ်ရှိ အီတလီလက်ရွေးစင် ခီယေဆာဟာ ပေါင် ၅၂ သန်း တန်ကြေးရှိပြီး ၂၀၂ ၅ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ အခုနှစ်ရာသီအစ ၆ ပွဲမှာ ၄ ဂိုးသွင်းယူထားသူ ဖြစ်ပါတယ်။
Photo-Reuters