အမှုရင်ဆိုင်နေရတဲ့ တောင်ပံတိုက်စစ်မှူးအန်တိုနီဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းမှာ ဖြစ်ကြောင်း မန်ယူအသင်းက တရားဝင် သတင်းထုတ်ပြန်သွားပါတယ်။
ဘရာဇီးတောင်ပံတိုက်စစ်ကစားသမားဟာ ရည်းစားဟောင်းဖြစ်သူရဲ့ တရားစွဲဆိုမှုအရ ဘရာဇီးမှာ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးခြင်းခံခဲ့ရတာပါ။
အိမ်တွင်း အကြမ်းဖက်မှုနဲ့ တရာစွဲဆိုခံခဲ့ရပေမဲ့ ဘရာဇီးရဲတပ်ဖွဲ့က အန်တိုနီကို ပြည်ပထွက်ခွင့် ပြန်လည်ခွင့်ပြုခဲ့ပြီး အမှုကို ဆက်လက်စစ်ဆေးသွားဖို့ရှိပါတယ်။
အန်တိုနီဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက အင်္ဂလန်ကို ပြန်ရောက်လာခဲ့ပြီး မန်ချက်စတာရဲတပ်ဖွဲ့နဲ့လည်း လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
မန်ယူအသင်းကတော့ အန်တိုနီဟာ စနေနေ့မှာ လေ့ကျင့်ခန်းပြန်ဆင်းမှာဖြစ်ပြီး အမှုရင်ဆိုင်နေရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တိုးတက်ဖြစ်ပေါ်လာမှုတွေကို သုံးသပ်ဆွေးနွေးသွားမှာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့တာပါ။
အန်တိုနီဟာ ဒီတစ်ပတ်ကစားရမယ့် ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ ပါဝင်နိုင်မှာမဟုတ်သေးဘဲ ကြားရက်သို့မဟုတ် နောက်တစ်ပတ်ပွဲစဉ်ရောက်မှ ပြန်ကစားနိုင်ဖို့ ရှိနေပါတယ်။
Photo-Reuters