Home
အားကစား
နောက်ခံလူဟောင်း ဖေးဂျုံးစ် နည်းပြဘဝစတင်ရန် မန်ယူအသင်းဆီ ပြန်ရောက်
DVB
·
September 29, 2023

မန်ယူနောက်ခံလူဟောင်းဖေးဂျုံးစ်ဟာ နည်းပြဘဝကို စတင်နိုင်ဖို့အတွက် မန်ယူအသင်းဆီ ပြန်လာရောက်ရှိလာခဲ့ပါတယ်။

အသက် ၃၁ နှစ်ရှိ အင်္ဂလန်နောက်ခံလူဟာ အခုနှစ်နွေရာသီကမှ အသင်းနဲ့ စာချုပ်သက်တမ်းပြည့်သွားလို့ လမ်းခွဲခဲ့ရသူပါ။

လက်ရှိအချိန်မှာတော့ နည်းပြ လိုင်စင်ဖြေဆိုမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် မန်ယူအသင်းဆီ ပြန်လာခဲ့တာပါ။

ဖေးဂျုံးစ်ဟာ မန်ယူ လူငယ်အသင်းမှာ အလုပ်သင်နည်းပြတစ်ဦးအနေနဲ့ သင်ယူလေ့လာနေပြီး PFA ဂလိုဘယ်ဘောလုံး အားကစားဒါရိုက်တာသင်တန်းဖြေဆိုဖို့လည်း စာရင်းသွင်းထားပါတယ်။

မန်ယူအသင်းမှာ တခြားကစားသမားဟောင်းတွေဖြစ်ကြတဲ့ ရွိုင်ယန်ဂစ်၊ ကာရစ်၊ ဖလက်ချာနဲ့ အီဗရာတို့ဟာလည်း နည်းပြ ဘဝစတင်နိုင်ဖို့အတွက် မန်ယူအသင်းလူငယ်တွေမှာ လာရောက်တာဝန်ယူဖူး ပါတယ်။ 

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024