ကွင်းဥမင်လိုဏ်ခေါင်းထဲမှာ ဒိုင်လူကြီးကို စော်ကားပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ချဲလ်ဆီးနောက်ခံလူ ရိစ်ဂျိမ်းစ်ကို အက်ဖ်အေက အရေးယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။
အက်စ်တန်ဗီလာကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ အဲဒီပွဲစဉ်မှာ ရိစ်ဂျိမ်းစ်က ဒဏ်ရာကြောင့် အသင်းလူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိခဲ့သူပါ။
ဒါပေမဲ့ ပွဲအပြီးမှာတော့ ကွင်းထဲကနေ အဝတ်လဲခန်းဆီသွားရာ ဥမင်ထဲမှာ ဒိုင်လူကြီးကို သွားရောက်စော်ကား ပြောဆိုခဲ့တာဖြစ်ပြီး အင်္ဂလန်အက်ဖ်အေက အရေးယူဖို့ဆုံးဖြတ်ခဲ့တာပါ။
ရိစ်ဂျိမ်းစ်အနေနဲ့ စက်တင်ဘာ ၂၉ ရက်မတိုင်ခင် အက်ဖ်အေဆီ ဖြေရှင်းချက်ပေးရမှာဖြစ်ပြီး အက်ဖ်အေဘက်ကတော့ စည်းမျဉ်း E3 ကို ချိုးဖောက်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
အင်္ဂလန်နောက်ခံလူဟာ တံကောက်ကြော ဒဏ်ရာကြောင့် ပြီးခဲ့တဲ့လပိုင်းကတည်းက အနားယူနေရသူဖြစ်ပြီး မနှစ်ကရာသီကလည်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။
Photo-Reuters