Home
မြန်မာသတင်း
ဒလရဲစခန်းမှ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူ ၆ ဦး ပြန်ဖမ်းမိ
DVB
·
September 27, 2023

ရန်ကုန်၊ ဒလမြို့မရဲစခန်း အချုပ်ခန်းမှ သွပ်တွေကိုခွာကာ စက်တင်ဘာ ၂၆ ရက် မနက် ၅ နာရီက ထွက်ပြေးသွားတဲ့ အချုပ်သားခြောက်ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ပြန်လည်ဖမ်းဆီးရမိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ မနေ့ညပိုင်းက ထွက်ပြေးသွားတဲ့ အချုပ်သားခြောက်ယောက်ထဲက လေးယောက်ကို ပြန်လည်ဖမ်းဆီးရမိတာ ဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ညကမိတာတော့ လေးယောက်တည်း၊ စစ်သားတွေ ရဲစခန်းကို လာပို့တာ၊ မနက်ပိုင်း ထပ်မိရင်တော့ မသိဘူး။”

အချုပ်ခန်းဖောက်ကာ ထွက်ပြေးသွားတဲ့ အမျိုးသားခြောက်ယောက်ကို စက်တင်ဘာ ၂၆ ရက် ညပိုင်းနဲ့ စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ညနေက လေးဦးမိတယ်၊ ဒီနေ့မနက်မှာ နှစ်ဦးထပ်မိတယ်၊ အဲ့ထဲက နှစ်ဦးက နှစ်ရှည်ထောင်ဒဏ်ချထားတာ၊ ကျန်တဲ့လေးဦးက တရားရင်ဆိုင်နေတဲ့သူတွေ။”

ဖမ်းဆီးရမိသူတွေမှာ မြင့်ဇော်ဦး၊ ရဲဝင်း (ခ) ကုလား၊ ရာဇာ၊ ဇင်မောင် အပါအဝင် ခြောက်ယောက် ဖြစ်ပြီး လုယက်မှု၊ မူယစ်ဆေးဝါးမှုတွေနဲ့ အမှုရင်ဆိုင်နေရသူတွေလည်း ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

လတ်တလောမှာ ဖမ်းဆီးရမိသူ ခြောက်ယောက်ကို ဒလမြို့မရဲစခန်းကနေ အင်းစိန်အကျဥ်းထောင်ကို ပို့ဆောင်ဖို့ စစ်ကောင်စီတပ်နဲ့ ရဲတွေက စီစဥ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024