Home
အားကစား
ဆန်ချိုကို ပြန်ခေါ်ချင်သော်လည်း စည်းကမ်းပိုင်းဆိုင်ရာ ဒေါ့မွန်အသင်း စိုးရိမ်
DVB
·
September 27, 2023

ဒေါ့မွန်အသင်းဟာ မန်ယူအသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ဆန်ချိုကို ပြန်ခေါ်ယူလိုပေမဲ့ စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စတွေကို စိုးရိမ်နေပါတယ်။

အင်္ဂလန်တောင်ပံကစားသမားဟာ အသင်းနည်းပြ တန်ဟတ်ဂ်နဲ့ အဆင်မပြေ ဖြစ်ခဲ့တာကြောင့် အသင်းလူစာရင်းကနေ ထုတ်ပယ်ခံထားရပြီး တောင်းပန်စကားဆိုဖို့လည်း ငြင်းဆန်ထားတာပါ။

ဂျာမနီသတင်းစာ Bild ရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ ဆန်ချိုကို ပြန်လည်ခေါ်ယူချင်ပေမဲ့ ကစားသမားဖြစ်သူရဲ့ စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စတွေအပေါ် စိုးရိမ်မှုရှိနေကြောင်း သိရပါတယ်။

ဆန်ချိုဟာ ညဉ့်နက်အချိန်တွေမှာ ဗီဒီယိုဂိမ်း ကစားတတ်တာကြောင့် အိပ်ရေးဝဝ အိပ်ခြင်းမရှိသလို လေ့ကျင့်ရေးကွင်းကို မကြာခဏ နောက်ကျတတ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မန်ယူအသင်းဘက်က အငှားနဲ့မဟုတ်ဘဲ အပြီးသတ်ရောင်းချလိုတာကြောင့် ပြောင်းရွှေ့ကြေးကိစ္စမှာ ပြဿနာဖြစ်နေတယ်လို့ ဂျာမန်သတင်းတွေမှာ ဖော်ပြပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024