ရွှေ့ပြောင်းနေထိုင်သူတွေကို ကုန်တင်ရထားတွဲတွေ စီးနင်းခြင်းမပြုဖို့ မက္ကဆီကို အာဏာပိုင်တွေက တားမြစ်ပိတ်ဆို့ထားတာကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေ အတော်များများဟာ စက်တင်ဘာ ၂၂ ရက်က မက္ကဆီကိုစီးတီးအပြင်ဘက်ရှိ ရထားသံလမ်းကနေ စိတ်ပျက်လက်ပျက်နဲ့ ပြန်ဆုတ်ခွာသွားခဲ့ကြပါတယ်။
ဒါဟာ နိုင်ငံမြောက်ဘက်ကို ဦးတည်သွားမယ့် ရွေ့ပြောင်းနေထိုင်သူတွေကို ဟန့်တားဖို့ မက္ကဆီကိုရဲ့ အဓိက အားထုတ်မှုအသစ် ဖြစ်ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေ ဝင်ရောက်လာမှာကို တားဆီးဖြတ်ချဖို့ မက္ကဆီကိုစီးတီးရဲ့ မြောက်ဘက် မီးရထားလမ်းမှာတလျှောက်မှာ မက္ကစီကို အာဏာပိုင်တွေက ဗင်ကား တဒါဇင်ကျော်နဲ့ မောင်းနှင်လာခဲ့သလို အနီးပတ်ဝန်းကျင် တောင်ကုန်းတွေပေါ်ကို လျှောက်တက်သွားတဲ့သူတွေကို ရှာဖွေဖို့လည်း ဒရုန်းတစီးကို စေလွှတ်ခဲ့ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာဟာ မက္ကစီကိုမြောက်ပိုင်းနယ်စပ်ကို ရထားနဲ့ ရောက်ရှိလာပြီး အမေရိကန်ကို ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးစားနေကြတာပါ။
မကြာသေးမီ ရက်တွေအတွင်းက လူအတော်များများဟာ "The Beast" လို့ လူသိများတဲ့ ကုန်တင်ရထားတွေပေါ်မှာ အသက်အန္တရာယ်ရှိတဲ့ ခရီးတွေ ထွက်ခဲ့ကြပြီးနောက်မှာ မက္ကဆီကို ရထားလမ်းအော်ပရေတာ Ferromex ဟာ အခုသီတင်းပတ်အတွင်း ရထားအစီး ၆၀ ကို ယာယီ ရပ်ဆိုင်းခဲ့ပါတယ်။
Source/Photo-Reuters