လာမယ့် စက်တင်ဘာ ၂၇ ရက်မှာ အယ်လ်ဖာဘတ် (Alphabet) လုပ်ငန်းစုကုမ္ပဏီကြီးရဲ့ ဂူးဂဲလ် (Google) တည်ထောင်မှု ၂၅ နှစ်ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။
၁၉၉၈ ခုနှစ်၊ စက်တင်ဘာ ၄ ရက်မှာ ဂူးဂဲလ်ကုမ္ပဏီအဖြစ် စတင်ဖွဲ့စည်းခဲ့ပေမယ့်လည်း နှစ်ပတ်လည် နေ့ကိုတော့ စက်တင်ဘာ ၂၇ ရက်မှာ သတ်မှတ်ထားပါတယ်။
အဲ့ဒီနေ့မှာပဲ ဂူးဂဲလ်ကတဆင့် ညွှန်ပြပေးနိုင်တဲ့ ဝက်ဘ်စာမျက်နှာ အရေအတွက်ကို ကြေညာခဲ့တာ ကြောင့် ဖြစ်ပြီး ၂၀၀၅ ခုနှစ်ကတည်းက စတင်သတ်မှတ်ခဲ့တာပါ။
အချက်အလက် ရှာဖွေရေး အင်ဂျင်အဖြစ် စတင်ခဲ့တဲ့ ဒီကုမ္ပဏီဟာ နိုင်ငံပေါင်းစုံ မှာရှိတဲ့ နည်းပညာ ကုမ္ပဏီအဖြစ် အသွင်းပြောင်း လာခဲ့ရာ အီလက်ထရောနစ် ကုန်သွယ်မှုတွေ၊ ဒီဂျစ်တယ် ကြော်ငြာ တွေ၊ နည်းပညာဆိုင်ရာ ထုတ်ကုန်တွေနဲ့ အခြားဝန်ဆောင်မှုတွေကိုပါ ထောက်ပံ့ပေးလျက် ရှိပါတယ်။
လယ်ရီ ပေ့ချ် (Larry Page) နဲ့ ဆာဂျီ ဘရင် (Sergey Brin) ဆိုတဲ့ ကွန်ပျူတာပညာရှင်နှစ်ဦးက ဒီကုမ္ပဏီကြီးကို ပူးတွဲတည်ထောင်ခဲ့တာပါ။
လက်ရှိမှာ တော့ အိန္ဒိယဖွား အမေရိကန် ဆွန်းဒါ ပီချိုင်(Sundar Pichai) က ဦးဆောင်နေပြီး ဒေါ်လာ ၁ထရီလီယံအထိ တန်ကြေးရှိနေပြီ ဖြစ်ပါတယ်။
Source/Photo-Reuters